Ep 3

760 68 6
                                    

Uni

ဒုတ် ဒုတ် ဒုတ်

Jin -အား ငါရင်တွေခုန်နေလိုက်တာ သူ့နူတ်ခမ်းတွေကချိုမြိန်နေလိုက်တာ

Joon -ဟက် အောင်ပွဲကအစပဲရှိသေးတာတောင် ငါ့အပျော်တွေက ရင်ခုန်ပါမြန်နေပါလား......

နူတ်ခမ်းလေးနှစ်လွှာမှာထပ်တူကျနေသော်လည်း အတွေးတို့မှာတော့ထပ်တူကျမနေခဲ့ပါ.......။ရင်ခုန်သံနှစ်ခု ထပ်တူကျနေခဲ့သော်လည်း ကောင်လေးတစ်ယောက်မှာပကတိဖြူစင်စွာ ဖွင့်ဟပြနေခဲ့ပီး ကောင်လေးတစ်ယောက်မှာတော့ ခံစားချက်အတုအယောင်တွေကိုခေါင်းစဥ်တပ်နေရရင်း ခံစားချက်အစစ်အမှန်လေးပါ ပျောက်ကွယ်ခဲ့ရရှာပါသည်.....။

************************************
မြူတွေဝေနေတဲ့ မနက်ခင်းတစ်ခုတွင် seokjin ကိုဆိုင်ကယ်နောက်လေးပေါ်တင်ပီး လျှောက်သွားရတာကို ငယ်ငယ်လေးထဲက jungkook နှစ်ခြိုက်သဘောကျခဲ့သည်......။ အရမ်းအေးလွန်းသဖြင့် သူ့ခါးလေးကိုတိုးဖတ်လာသော seokjinလက်လေးများအားသူသဘောကျခဲ့  သည်......။ တစ်ခါတစ်ခါ လျှော့တိလျှော့ရဲလေးဖတ်ထားသည်မို့ သူအကျင့်ယုတ်ကာအရှိန်တင်သည့်အခိုက်အတန့်များတွင် သူ့အားအလန့်တကြား seokjin တင်းတင်းကြပ်ကြပ်ပွေ့ဖတ်တာမျိုးဆို အူယားမိသည်......။သို့သော်ထိုအရာတွေသည် သူ့ဘက်ကတစ်ဖတ်သက်မျှသာ...... ။

အစ်ကိုဟာ သူဘယ်တော့မှ မပိုင်နိုင်မဲ့လူတစ်ယောက်.....။မဟုတ်သေးဘူး သူ့ကိုပိုင်ဆိုင်ခွင့်မပေးတဲ့လူတစ်ယောက်......။သူကလဲ ပိုင်ဆိုင်ရဖို့ထက် အစ်ကိုပျော်တာပဲမြင်ချင်မိတဲ့လူတစ်ယောက်.....။

ထို့ကြောင့် အခုထွက်နေသော သတင်းများအားလုံးကိုမျက်လွှာချကာ သူအစ်ကို့ထံအပြေးလာနေမိသည်.......။

ဒီလိုမနက်ခင်း...... ဒီဆောင်းမနက်ခင်းတွေဟာ အစ်ကိုနဲ့ပတ်သတ်ရင် သူ့အတွက် မြတ်နိုးစရာကောင်းတာမှန်ပေမဲ့...ယခုတွင်တော့ သူမြတ်နိုးရတဲ့ဆောင်းမနက်ခင်းကြီးမှာပင် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ရပြန်သည်.....။

ရက်စက်လွန်းတဲ့ အစ်ကိုကတော့ သူ့ကို ဘယ်တော့မှအခွင့်အရေးမပေးပဲ တစ်ခြားလူတစ်ယောက်နဲ့ပျော်နေနိုင်ပေမဲ့ သူကချစ်ရသူမို့......မပစ်ပယ်နိုင်သေး........။

Bring the Pain (Namjin)(Completed)जहाँ कहानियाँ रहती हैं। अभी खोजें