ဇုချီသည် အနုစိတ်ထွင်းထုထားသည့် မျက်နှာကျက်ကို စိုက်ကြည့်ရင်း ခဏပြန်အိပ်ရမလား တုံ့ဆိုင်းနေတဲ့အချိန်မှာ တံခါးခေါက်သံကြားလိုက်ရတယ်။

"သခင်လေး နိုးပြီလား"

တံခါးအပြင်ဘက်ကနေ အိမ်အကူ ရှုရယ်က

"မနက်စာ ပြင်ဆင်ပြီးသွားပါပြီ"

သတိထားပြီး မေးလိုက်တယ်။

ဇုချီ က သူ့ဗိုက်ကိုဖုံးဖို့ စောင်ပါးတစ်ထည်ယူလိုက်ပြီး

"ဝင်လာခဲ့"

ခဏအကြာ အပြင်ဘက်မှ တံခါးကို တွန်းဖွင့်ပြီး ယူနီဖောင်း အဖြူအမည်း ၀တ်ထားသော အိမ်အကူ အများအပြားက ပန်းကန်ပြားတွေ ကိုင်ဆောင်ကာဝင်လာကြသည်။

ဇာတ်လိုက်ရဲ့ အိမ်အကူက လိုက်ကာကိုဖွင့်ဖို့ လျှောက်သွားပြီး အဝါရောင် နေရောင်တောက်တောက်ကြီးက အခန်းထဲကို ကျ ရောက်လာတယ် အိမ်အကူက ဘောင်းဘီတစ်ထည်ကို ဗီရိုထဲမှထုတ်ကာ ကုတင်အဆုံးတွင် သပ်သပ်ရပ်ရပ် တင်ထားလိုက်သည်။

တခြားအိမ်အကူတွေက ဘာမှမလုပ်ဘဲ ကုတင်ဘေးမှာ စားပွဲအသေးတစ်ခုကို သပ်သပ်ရပ်ရပ်ချထားပြီး ပူပူနွေးနွေး မနက်စာတွေ စားပွဲပေါ်တင်လိုက်တယ်။

ဇုချီသည် စောင်ပါးခြုံထားကာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို တိတ်တဆိတ် စိုက်ကြည့်နေတယ်။ ဝတ္ထုထဲကိုပထမဆုံးရောက်လာတဲ့ နံနက်ခင်းတုန်းက သူအရမ်းရှက်ပြီး ဒီဗိုက်ကို ရိုက်ပစ်ချင်ခဲ့တာ။

ငါးရက်ကျော်သွားတော့ သူ့ဗိုက်ထဲမှာ ယောက်ျားလေးတစ်ယောက်ရဲ့ ကလေးရှိနေတာကို လက်ခံလိုက်ပြီး အိမ်အကူတွေရဲ့ အကူညီ‌ပေးတာကိုလည်း ကျင့်သားရလာတယ်။

"ရှောင်ယ"

ရှောင်ယ ဆိုတဲ့အိမ်အကူက ခေါင်းညိတ်ပြီး တိုးတိုးလေးပြောတယ်

"သခင်လေး ဘာခိုင်းစရာရှိလို့လဲ"

"ငါ့အတွက် အိမ်ထိန်း ကျောင်း ကို ခေါ်ပေးပါ ကျေးဇူး"

ရှောင်ယက ခေါင်းငြိတ်ပြပြီး တခြားအိမ်ဖော်တွေပါ အခန်းထဲက တိတ်တဆိတ် ခေါ်သွားသည်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now