Chapter(49) - မက္ခရုငှက်လေး

Start from the beginning
                                    

"ကျွန်မ မသိဘူး, လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မုံသခင်မကို မြင်လိုက်ရတဲ့ချိန်မှာ သူမက တောက်ပတဲ့ အနီရောင်အမွှးလေးတွေရှိတဲ့ အမြှီးနဲ့ မက္ခရုငှက်သေးသေးလေးပဲ ဖြစ်နေသေးတာကိုပဲ သိတယ်, အရမ်းကြည့်ကောင်းတာ"

ရှန်ကျစ်ရှန်းသည် ယမန်နေ့ညက ခြံဝင်းထောင့်မှာ ပုန်းခိုနေသည့် ငှက်သေးသေးလေးအား စဉ်းစားမိသွားသည်။ ကံမကောင်းစွာနဲ့ ၎င်းက ရွှံ့များ ပေကျံနေတာကြောင့် ထိုငှက်လေးရဲ့ အမြီးကို မမြင်လိုက်ရပေ။

ထိုခြံဝင်းက အတော်လေး ထူးဆန်းသည်။ သူတို့တွေခဲ့သည့် ထိုတေးသီငှက်လေးရဲ့ နောက်ခံက သိပ်မရိုးရှင်းဘူးဟုသတ်မှတ်နိုင်သည်လေ။ သူက မုံသခင်မနဲ့ ဘယ်လိုဆက်ဆံရေးရှိနေလဲ ဆိုတာကိုလည်း ပြောရခက်တယ်

ဝိညာဉ်စည်းတံဆိပ်တွေနဲ့ သံချေးတက်နေတဲ့သော့....

ညလယ်ခေါင်ကြီး ခြံဝင်းထဲမှာ တစ္စေတွေကို အမဲလိုက်တဲ့ မုံသခင်မ....

သေခြင်းတရားကနေ ကင်းလွတ်နေတဲ့ ငှက်လေးနဲ့ ထွက်ဖို့ခက်ခဲ့တဲ့  Undead City.....

သူတို့ကို ချိတ်ဆက်နေတဲ့ မမြင်ရတဲ့ ချည်မျှင်တစ်ခု ရှိနေသလိုပဲ....

ရှန်ကျစ်ရှန်းသည် သူအခု ယေဘုယျ သဘောတရားလေးကို ထိပါးမိလိုက်သည်ဟု ခံစားရသော်လည်း အသေးစိတ်အချက်အလက်များကတော့ နားလည်ဖို့ ခဲယဉ်းဆဲဖြစ်ကာ အထောက်အထားများလည်း မရှိသေးပေ။

သူက အတွေးများစွာဖြင့် လက်ထဲက အခါးရည်ခွက်အား လှုပ်ခါရင်း အခါးရည်ခွက်ထဲက ပူနွေးသည့် ရေပေါ်မှာ မျောနေသည့် လက်ဖက်ရွက်များအား ငေးစိုက်ကြည့်နေပြီးမှ နူးညံ့စွာ မေးလာသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာက.... တော်တော်လေးတော့ ကြာနေပြီပဲ....အဲဒီ ငှက်ကလေး, အဲ့ဒီ, မုံသခင်မ, သူမရဲ့ အခြေအနေက ဘယ်လိုလဲ?"

သူက အသေးစိတ် အချက်အလက်ကို မေးမြန်းချင်သော်လည်း အရေခွံလဲမိစ္ဆာက ပြုံးလိုက်ပြီး တိုက်ရိုက်ပြန်မဖြေပေ။

"အဲဒီ မက္ခရုငှက်ကလေးက အပျော်လှေပေါ်က သီချင်းဆိုတဲ့ မိန်းကလေးတစ်ယောက် မွေးထားတဲ့ငှက်ပဲ....ကျွန်မက နေ့တိုင်း မရေမတွက်နိုင်တဲ့ လူတွေကို တွေ့နေရတာ ပြီးတော့ အချိန်ကလည်း အရမ်းကြာနေပြီ, အခုချိန်မှာ အဲ့ဒီမိန်းကလေးပုံစံကိုတောင် မမှတ်မိတော့တဲ့ဟာ ဘယ်လိုလုပ် ငှက်သေးသေးလေးကို မှတ်မိနိုင်မှာလဲ?"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now