Chapter(49) - မက္ခရုငှက်လေး

Start from the beginning
                                    

မနေ့က သူတို့တွေ Undead City အကြောင်းကို စိတ်ဝင်စားနေသည်အား အရေခွံလဲမိစ္ဆာက သတိထားလိုက်မိသည်ပင်။ ဒီနေ့မှာတော့ နောက်တစ်ဖန် ထပ်ကြားလိုက်ရတာကြောင့် အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ မုံသခင်မက Undead City ကနေ ထွက်လာတဲ့သူလေ, ?ဘာလို့သူမကို မမေးတာလဲ? သူမကို မမေးလိုက်ဘူးလား"

မုံသခင်မအပေါ် သူမရဲ့ သဘောထားက အတော်လေးကို သိမ်ဖျင်းမှုများ ပြည့်နှက်နေပုံပေါ်သည်။ သူမက တုံ့ဆိုင်းမှု မရှိစွာပင် ဟာသလုပ်သည်။

"အဲ့ဒီ မုံသခင်မက မုံယွင်အပေါ် တော်တော်လေး သစ္စာရှိတာပဲ, အဲ့ဒီနှစ်ယောက်က အခုထိ-"

ရန်ကျင်းက သူ့ဓားကို တိတ်တဆိတ် မလိုက်ပြီး စားပွဲခုံပေါ်သို့ ညင်သာစွာ တင်လိုက်ကာ ဘယ်အချိန်မဆို ဓားကို ဆွဲထုတ်နိုင်ရန် ပြင်ထားသကဲ့သို့ သူ့လက်မကို ဓားလက်ကိုင်ရိုးပေါ် ဖိထားလိုက်သည်။

"အဟမ်း, Undead City ဆိုတာက ကောင်းတဲ့နေရာတစ်ခုတော့ မဟုတ်ဘူး, အဲ့ဒါက အပြင်ကကြည့်ရင် တောက်ပနေပုံပေါ်ပေမယ့် တကယ်တမ်းတော့ လှောင်အိမ်တစ်ခုပဲ, အထဲကိုရောက်တာနဲ့ ပြန်ထွက်လာဖို့ အရမ်းခက်ခဲတာ" 

အရေခွံလဲမိစ္ဆာက သူမရဲ့ အကျီၤလက်စကို မြှောက်လိုက်ပြီး သူမနှုတ်ခမ်းကို အုပ်၍ ချောင်းဖွဖွ ဆိုးလိုက်သည်.

"အကယ်၍ ရှင်တို့နှစ်ယောက် Undead City ထဲ ဝင်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး သတိထားကြပါ"

"ဘာလို့ အဲ့ဒီလိုပြောရတာလဲ?"

Undead City အကြောင်း ပြောတဲ့အချိန်မှာ အရေခွံလဲမိစ္ဆာ၏ မျက်နှာပေါ်က ဆွဲဆောင်မှုရှိသည့် အပြုံးမှ မှိန်ဖျော့သွားရသည်။ သူမက တိုတိုတုတ်တုတ်ပဲ ပြောလာ၏။

"ပြောရမယ်ဆိုရင် Undead City ထဲကနေ ထွက်ခွာနိုင်ဖို့အတွက် ပေးဆပ်ရမယ့် တန်ကြေးရှိတယ်"

"တန်ကြေးက ဘာမို့လို့လဲ?"

အရေခွံလဲမိစ္ဆာက အရေးမစိုက်ဟန်ဖြင့် သူမရဲ့ လက်ဖက်ရည်ခွက်အဖုံးအား မလိုက်ပြီး တင့်တယ်ကြော့ရှင်းစွာ သောက်လိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now