ယခင်က သူသည် မြွေကြီးအား နားမလည်ခဲ့ဘဲ စပါးအုံးမြွေကြီး၏အနမ်းကို မည်သို့မျှပင် ခံနိုင်ရည်မရှိခဲ့။

အပြာရောင်ပင်လယ်ပြင်၏ အောက်ခြေသို့ရောက်လာသောအခါ ရှုကျင်ထျန်းသည် အခွံမာငါးအမြောက်အမြားကို စပျစ်နွယ်ပင်များဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်ထဲသို့ ထည့်လိုက်သည်။ ရှုကျင်ထျန်းသည် မှိုပုံသဏ္ဍာန်ရှိသော အဝါရောင်လေးများကိုလည်း ယူခဲ့သည်။ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်မလား မသိသောကြောင့် ထမင်းတစ်နပ်စာမျှသာ ဆိုရင်လည်း စားရန်လုံလောက်ပါသည်။ ရှုဟန်ယွီသည် luffasကဲ့သို့ သဏ္ဍာန်ရှိသော ရေညှိအချို့ကို ယူဆောင်လာသည်။ ရေညှိပင်စည်များသည် ပျော့ပျောင်းပုံရသော်လည်း  မမျှော်လင့်ဘဲ လတ်ဆတ်ပြီး အရသာရှိလှသည်။ ရှုကျင်ထျန်းက အရမ်းကြိုက်ခဲ့ပြီး အဲ့ဒါကိုလည်း နည်းနည်းယူလိုက်သည်။
(TN:ဒီနားကရမ်းတုတ်😁)

ပင်လယ်ကြမ်းပြင်သို့သွားသော ဤခရီးသည် အသီးအနှံများရ၏ဟု ဆိုနိုင်သည်။ ရှုကျင်ထျန်းသည် အထွေထွေစားစရာအိတ်ကြီးတစ်ထုပ်ကို သယ်ဆောင်သွားခဲ့ပြီး ရှုဟန်ယွီကမူ ရေပေါ်တွင်ပေါလောပေါ်နေသည့် ရေမှော်ပင်တစ်ချို့ကိုဆွဲလာခဲ့သည်။

စွမ်းအင်ချွေတာရန် ရှုကျင်ထျန်းသည် ပင်လယ်ရေညှိများကို ပြန်မယူသွားဘဲ ကမ်းခြေတွင် နေလှန်းထားပြီး တိုက်ရိုက်အခြောက်ခံရန် စောင့်ဆိုင်းနေခဲ့သည်။

ပင်လယ်ရေညှိတွေရပြီးနောက် သူတို့နှစ်ယောက်ဟာ မြစ်ထဲမှာရေချိုးပြီး ဂူကိုမပြန်ခင် သားကောင်ဖမ်းဖို့ သွားခဲ့ကြသေးသည်။

"ထျန်းထျန်း ကိုယ် မီးညှိပေးမယ်"
ရှုဟန်ယွီသည် ပင်ပန်းလွန်းသဖြင့် မျက်နှာနီရဲနေသည့် မိန်းမပျိုလေးကိုကြည့်ကာ နှလုံးသားက အောင့်မျက်သွားသလို ခံစားလိုက်ရသည်။

"မလိုပါဘူး! ငါကိုယ်တိုင်လုပ်မယ်။ နောက်တစ်ခါ မင်းငါ့ကို ဟင်းချက်ဖို့ ကူညီပေးစရာ မလိုတော့ဘူး"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လက်များကို တစ်ချက်ကြည့်လိုက်ရာ သူ့နှလုံးသားလေးနာကျင်သွား၏။ ရှုဟန်ယွီ၏ ဖြူစင်သွယ်လျသော လက်များသည် မနေ့ကတည်းက အနီရောင် တောက်လောင်နေခဲ့သည်။ ယနေ့တွင်လည်း သူ၏အရေပြားက အနည်းငယ် ကျွတ်ထွက်နေပုံရတာကြောင့် ရှုကျင်ထျန်းသည် သူ့အခြေအနေကို ကြည့်ရုံဖြင့် နာကျင်မှုကိုခန့်မှန်းနိုင်ခဲ့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now