part 20

346 25 4
                                    


Operationခန်းထဲ၀င်သွားကြတာ ၃နာရီနီးပါးရှိပြီ ဆရာ၀န်တွေ တစ်ယောက်မှ ထွက်မလာကြသေး

အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတာ ဘယ်နှစ်ခေါက်မှန်းမသိတော့ သူသာသေသွားရင်ဆိုတဲ့ကျွန်တော်ရဲ့မကောင်းတဲ့အတွေးတွေကလည်းဆက်တိုက်ဆိုသလို ၀င်ရောက်နေတော့သည်

၀တ်ထားတဲ့အပေါ်ကုတ်နဲ့လက်ကစွန်းနေတဲ့သွေးတွေကိုကြည့်ရင်း မျက်ရည်တွေက ထပ်ကျလာပြန်တယ်

၆နာရီအကြာမှာတော့ Kaiထွက်လာပါသည်

"Kai chanyeolအခြေအနေဘယ်လိုလဲ သူအသက်ရှင်တယ်မလား ဟုတ်တယ်မလား ဟုတယ်မလားလို့ ဘာလို့ဘာမှပြန်မဖြေတာလဲ ဖြေလေ ငါမေးနေတာကို"

"စိတ်ကိုအေးအေးထားပါ Kyungsooရယ် အတတ်နိုင်ဆုံးခွဲစိတ်ခဲ့ပေမဲ့ သူသတိရလာမလားဆိုတာ သူ့အပေါ်ပဲမူတည်တယ် သူသတိမလည်တာကြာရင် သူ ကိုမာ၀င်သွားနိုင်ကခြေပိုများတယ် ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်သွားပြီးအောက်ပိုင်းကလည်းအတော်အထိနာလို့ ပြောရရင် သူသတိရလာရင်တောင် သူလမ်းမလျှောက်နိုင်တော့ဖူးKyungsoo "

ကြားရတဲ့စကားတွေကရင်၀ကိုဆောင့်ကန်ခံရသလို သိပ်ကိုနာကျင်လွန်းလှသည်

"အဖြစ်ဆိုးလိုက်တာ Yeolရယ် "

ခွေကျသွားတဲ့​Kyungsooရဲ့ခန္ဓာကိုယ်ကိုလှမ်းထိန်းလိုက်ရင်း သူ့ကိုဖက်ထားပေးမိတယ်

"မငိုပါနဲ့တော့ Kyugsooရယ် ဒီအချိန်မှာငါမင်းကိုနှစ်သိမ့်ပေးနိုင်တာက မငိုဖို့ပဲပြောပေးနိုင်တယ် "

"ငါသူ့ကို စွန့်လွှတ်ခဲ့တာ ဒီလိုအဖြစ်ဆိုးကြီးနဲ့ကြုံဖို့မဟုတ်ဖူး ငါတို့တွေတစ်ချိန်ချိန်ပြန်တွေ့ကြရင် ဘာအမုန်းတရားမှမရှိဘဲ ပြုံးပြနိုင်ဖို့အတွက် ငါအများကြီးပြင်ဆင်ထားခဲ့တာ "

"Kyungsooရယ် မင်းသူ့ကိုအဲ့လောက်တောင်သိပ်ချစ်တာပဲလား"

ငါ့ကိုသူ့လောက်မချစ်နိုင်ရင်တောင် သူရဲ့ခြေစာမှုန့်လောက်လေးတောင်ချစ်ပေးလို့မရဖူးလားလို့မေးလိုက်ချင်ပေမဲ့ ဒီအချိန်မှာဒီစကားပြောဖို့က မသင့်တော်တဲ့အခြေအနေဖြစ်နေလေသည်

Never Say Goodbye[completed]Where stories live. Discover now