part 15

361 26 2
                                    

"Kyung ဆေးရုံကမလာခိုင်းသေးဖူးမလား အာ့ကြောင့်ကိုယ်ပြောပါတယ် တစ်လပြည့်မှသွားပါလို့"

"omm"

နောက်ကြောင်းသို့ခဏ

အသိစိတ်ကနိုးနေပေမဲ့ မျက်ခွံတွေကလေးလံနေတယ် ဖွင့်ဖို့အားတောင်မရှိ ဖြည်းဖြည်းချင်းအားယူရင်း အသံတွေကြားနေရတယ်

"သွား မင်းထွက်သွား Chanyeol kyungsooအနားကိုလာစရာမလိုတော့ဖူး "

"ငါ.....ငါ....ငါ သူ့ကိုကြည့်ပါရစေ ငါ့က်ိုခွင့်ပြုပေးပါ ငါ့အမှားတွေအတွက် သူ့က်ိုတောင်းပန်ချင်သေးတယ်"

"စောက်ပိုတွေ အခုမှလာလုပ်ပြမနေနဲ့ ထွက်သွားလို့ပြောနေတယ်လေ ထွက်မသွားရင် အစောင့်တွေမောင်းထုတ်ခိုင်းမာနော်"

"ဆရာ လူနာနိူးလာပြီ"

Kyungsooအခန်းအပေါက်၀ကနေ ၀င်မလာဖို့တားနေတုန်း nurseကထွက်ပြောလာသည်

"ခင်ဗျား၀င်မလာနဲ့ကျွန်တော်ပဲသွားမယ်"

"Kyungsoo နိုးလာပြီလား ငါမင်းကိုအများကြီးစိတ်ပူနေခဲ့တာ မင်းသာတစ်ခုခုဖြစ်သွားရင် ငါသေလိမ့်မယ် နောက်ဆို ဒီလိုထပ်ပြီးမရူးမိုက်ပါနဲ့နော်"

"အွန်းပါ ငါမမိုက်တော့ဖူးနော် မငိုနေနဲ့တော့ တိတ်တိတ် ငါအခုအဆင်ပြေနေပြီပဲဟာ"

အပေါက်၀ကနေ ချောင်းကြည့်နေတဲ့ Yeolကိုမြင်ရတော့ လူကစိတ်မကောင်း ကိုယ်ဟာ ဂရုဏာတအားသိပ်ကြီးမားတယ်နော် ကို့အပေါ်မကောင်းတဲ့လူကို အနည်းဆုံးတော့ ရွံရှာမုန်းတီးနေသင့်တာပေါ့

"သူ့ကို၀င်လာခိုင်းလိုက် Kai"

"ဘာလို့လဲ"

"၀င်လာခိုင်းလိုက်ပါ"

တံခါးဖွင့်ပေးလိုက်တော့ ကုတင်ရှေ့ဒူးထောက်လိုက်တဲ့Yeolရယ်ပါ

"ကိုယ်မှားသွားပါတယ် Kyungရယ် ကိုယ်မင်းပြောသလိုနောင်တလည်းရနေပြီမို့ နောက်ဆို ဒီလိုတွေမလုပ်ပါနဲ့နော် Kyungဖြစ်စေချင်သလ်ုဖြစ်စေရပါမယ်"

"ကောင်းပြီ  ငါဖြစ်စေချင်တာက  မင်းကို ကွာရှင်းမပေးနိုင်ဖူး ချစ်လွန်းလို့တော့ မဟုတ်ဖူးနော် မင်းတို့နှစ်ယောက်ပေါင်းဖို့အတွက် ငါလက်မှတ်မထိုးပေးန်ိုင်တာ"

Never Say Goodbye[completed]Where stories live. Discover now