နှစ်နည်းနည်းကြာရင်လက်ထပ်ကြမယ်တဲ့လား ဘယ်လိုတောင် တကိုယ်ကောင်းဆန်ကြတဲ့လူတွေလဲ~~~~~~~~~
ဖုန်းအ၀င်callကြောင့်ကြည့်လိုက်တော့ ဘယ်တော့မှပြန်မမှတ်ချင်တဲ့လူ
"Hello"
"ကိုင်မယ်မထင်ခဲ့ဖူး ဘယ်လိုလဲ နောက်ဆုံးတော့လည်း ကွာရှင်းလိုက်ရတယ်မလား "
"ခင်ဗျားကဘယ်လိုသိတာလဲ"
"ငါကမင်းကိုဒီ၅နှစ်တွင်း ဒီတိုင်းနေနေခိုင်းတယ်ထင်လို့လား အမြဲမင်းအကြောင်းကိုစုံစမ်းခိုင်းထားတာ ဘယ်လိုပဲသွေးသားမတော်စပ်ချင် မင်းကငါ့ရဲ့သွေးသားငါ့သားပဲလေ"
"ကျွန်တော်ကတော့ အဖေမတော်နိုင်လို့ဆောရီးပဲ ပြောစရာဒါပဲမလား ဖုန်းချလိုက်တော့မယ်"
ပြောတာကိုစောင့်မနေတော့ဘဲ တစ်ခါတည်းချပစ်လိုက်တယ်
အများကြီးလေကြီးခဲ့မိသမျှ နောက်ဆုံးတော့လည်းအမုန်းဆုံး အဲ့လူဆီမှာ လှောင်ပြောင်ခဲ့လိုက်ရတာပဲ
~~ ~အတိတ်ကအကြောင်းတွေကိုပြန်တွေးရင်း
"ချစ်မိပြီဆိုရင် မေ့ပစ်လို့ရမှာမဟုတ်ဖူးလေ Yeolရယ် "
တိုးတိုးလေးရေရွတ်ရင်း ကိုယ်၀ယ်ပေးထားတဲ့သူ့အင်္ကျီလေးတွေကိုထွေးပွေ့ထားမိတယ်
"မဖြစ်ဖူးလေ Kyungsooမင်းစိတ်ကိုမင်းထိန်းစမ်း မေ့ပစ်ရမယ် မေ့ကိုမေ့ပစ်ရမယ် ၁၉နှစ် ဟုတယ်၁၉နှစ် မင်းချစ်ခဲ့ပြီးပြီ လုံလောက်ပြီလေ မင်းရဲ့ငယ်ရွယ်မှုတွေကို သူ့အတွက်နဲ့အချိန်ဖြုန်းခဲ့ပြီးပြီ "
ကို့ဘာသာတစ်ယောက်တည်းအားပေးရင်း ထွေးပွေ့ထားမိတဲ့သူ့အင်္ကျီတွေကို နံရံပေါ်ပစ်ပေါက်လိုက်တယ်
ကို့ခေါင်းကိုနာနာလေးထုရင်းသတိပေးမိပြီးနောက် သူ့အ၀တ်အစားတွေကို အမှိုက်ပုံးထဲထည့်လိုက်တယ် ဒါဟာသူ့ကိုမေ့ပစ်ဖို့ ပထမဆုံးခြေလှမ်းပဲ
ဒုတိယအချက်အနေနဲ့ ဖုန်းထဲမှာ ငယ်ကနေကြီးတဲ့အထိရိုက်ထားတဲ့အမှတ်တရဓာတ်ပုံအားလုံးကို ဖျက်ပစ်ရမယ်
![](https://img.wattpad.com/cover/270366252-288-k390618.jpg)
YOU ARE READING
Never Say Goodbye[completed]
FanfictionChan နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ကိုဖက်ထားပေးလို့ရမလား (Byun Baekhyun) မဖြစ်သင့်တော့တဲ့လူနှစ်ယောက်အတွက် အပြစ်ဒဏ်ကဖောက်ပြန်ခြင်းတဲ့လေ (park chanyeol) Yeol မင်းအတွက်ငါကအရေးမပါခဲ့ဖူးတဲ့လား(Do KyungSoo) Kaung မင်းအတွက်ငါကအသုံးချခံသက်သက်ဆိုရင်တောင်...