part4

436 32 1
                                    

အိမ်လည်းပြန်ချင်စိတ်မရှိရုံးလည်းသွားချင်စိတ်မရှိတာကြောင့် Baekhyunဆီထပ်လာခဲ့မိသည်

"Chan "

"Baek ငါတို့အရက်သောက်ကြမလား"

"စိတ်ညစ်စရာတွေရှိနေလို့လား"

"ဟုတယ် စိတ်တွေအရမ်းရှုပ်ထွေးနေတာ"

"အဲ့ဆိုသောက်ကြမယ်လေ ခဏတော့စောင့်ပေး ဆိုင်ကကလေးတွေကိုမှာစရာရှိတာမှာခဲ့မို့"

"ကားထဲကနေစောင့်နေမယ် "

ကားထဲမှာbaekကိုစောင့်နေရင်း kyungsooဆီကဖုန်းဆက်လာတယ်
မကိုင်မခြင်းထပ်ထပ်ဆက်နေမဲ့kaungအကျင့်ကြောင့် ဖုန်းစက်ပိတ်လိုက်တယ် ဒီတစ်ခါတော့ စကားပြောချင်စိတ်မရှိ

"Chan စောင့်ရတာကြာသွားလား"

"မကြာပါဖူး "

ခါးပတ်ပတ်နေတာအခုထိမရသေးတဲ့သူ့ကို ကျွန်တော်ခါးပတ်သေချာပတ်ပေးမိသည် အဲ့လိုပတ်ပေးနေတဲ့အချိန် သူ့ခန္ဓာကိုယ်လေးကိုသိသိသာသာကျုံ့ထားလေသည်

"ငါတို့ဘယ်ဆိုင်သွားကြမလဲ"

"မင်းသဘောပဲလေ Chanမင်းကသောက်ချင်နေတဲ့သူဆိုတော့"

"အွန်း နီးနားကဆိုင်လေးပဲသွားလိုက်မယ်"

ဆိုင်ရောက်သော်

"မင်းဘာတွေစိတ်ညစ်စရာရှိလို့လဲ နေ့လည်ကကိတ်စကော ငါသိခွင့်ရှိမလား"

"ငါတောင်းပန်ပါတယ် Baekရယ် ငါ့အပြစ်တွေပါ ငါ...

"ငါပြောပြီးပြီပဲ မင်းအမှားမဟုတ်ပါဖူးလို့ ထားပါ မင်းမပြောချင်လည်းမပြောပါနဲ့ "

ကျွန်တော်ဟာBaekအပေါ်မှာ မကောင်းတဲ့လူတစ်ယောက်လို့ခံစားနေမိတယ်

"အရမ်းတွေမသောက်နဲ့တော့ Chan"

"ငါ ကမကောင်းတဲ့လူ ငါသိပ်ချစ်တဲ့မင်းကို တစ်ယောက်တည်းပစ်ထားမိတယ် ကိုယ့်အမှားကိုမသိဘဲ မင်းကိုပဲအပြစ်တင်ပြီးနေလာခဲ့တာ"

မူးရင်စကားများတယ်ဆိုတာ မှန်တာပဲ

"ထပ်မမော့နဲ့တော့ Chan မင်းအရမ်းမူးနေပြီ "

Chanဟာ အရင်တိုင်းလေးပဲ ပြသာနာတစ်ခုခုဖြစ်တိုင်း အမြဲကိုယ့်ကိုကိုယ်အပြစ်တင်တတ်တာ

Never Say Goodbye[completed]Hikayelerin yaşadığı yer. Şimdi keşfedin