part 19

353 24 4
                                    


ကြာလာရင်အချိန်တွေကပဲ ကုစားပေးသွားမယ်ဆိုတဲ့စကားက ကျွန်တော့်အတွက်တော့မှန်တယ်လို့ထင်ပါတယ်

၆လတောင်ရှိခဲ့ပြီ ကျွန်တော့်ဘ၀ထဲကသူထွက်သွားတာ

"Kyungsoo ထမင်းသွားစားရအောင်"

"စားနှင့် Kai ငါလူနာတွေ ထပ်ကြည့်ရအုံးမာ"

"ရပါတယ် ငါစောင့်မယ်လေ"

"Ommစောင့်နိုင်ရင်စောင့်ပေါ့"

Kaiကိုတော့ အခုထိ အဖြေမပေးဖြစ်သေးဖူး သူ့ကိုစောင့်ကြည့်ချင်သေးတယ် ကိုယ်က အချစ်ကြောင့်နာကျင်ခဲ့ရတော့ ထပ်ချစ်ဖို့ ကြောက်နေမိသေးတယ်

နာရီ၀က်ကြာသော်

အညောင်းဆန့်ရင်း Kaiကိုရှာမိတယ်

"ထမင်းစားနှင့်သွားပြီလား "

"ဟိတ် ဘယ်သူကိုရှာနေတာလဲ"

"Kai ငါကမင်းကိုစားနှင့်ပြီထင်နေတာ"

"မင်းတောင်မစားရသေးတာငါကဘာလို့စားနှင့်ရမာလဲ"

"ငါသိချင်နေခဲ့တာ မင်းကိုမေးလို့ရလား"

"မေးလေ ဘာမေးချင်တာလဲ"

"မင်းငါ့ကိုဘာလို့ချစ်တာလဲ"

"ဒါများKyungsooရယ် မင်းဖြစ်နေလို့လေ"

"ငါဖြစ်တာနဲ့ချစ်တာကမဆိုင်လိုက်တာ"

"မင်းမှတ်မိသေးလားတော့မသိဖူး ငါတို့ ဆေးကျောင်းပထမနှစ်တုန်းက မင်းယောင်လည်လည်နဲ့အခန်းရှာနေတာကို မြင်ကတည်းက ငါမင်းကိုသဘောကျခဲ့တာ "

"ပါ၀ါမျက်မှန်ကြီးနဲ့ပြင်ပြင်ဆင်ဆင်မရှိ ဗရုတ်ကျတဲ့ရုပ်ကို မင်းမလို့သဘောကျရတယ်လို့ တကယ့်ကောင်"

"ဘယ်သူကပြောလဲ ဗရုတ်ကျတယ်လို့ ဒီလောက်ချစ်ဖို့ကောင်းတာကို ငါ့မျက်လုံးထဲမှာ မင်းကပင်ဂွင်းပေါက်လေးလို့ပဲ"

"မနိုင်ဖူးသိလား မင်းကိုတော့"

"ဟောကြည့် ရယ်လိုက်ရင် ပေါ်လာတဲ့ အဲ့အသဲပုံနှုတ်ခမ်းလေးကိုလည်း ငါကအရမ်းသဘောကျတာ"

"တော်ပြီKai ငါမေးခွန်းကို ငါပြန်ရုတ်သိမ်းလိုက်ပြီမို့ တစ်ခုချင်းစီ ပုံဖော်ပေးဖို့ မလိုတော့ဖူး"

Never Say Goodbye[completed]जहाँ कहानियाँ रहती हैं। अभी खोजें