"ဃဃလေးရေ မောင်ပြန်လာပြီလေ"

ထူး ရောက်နေတာတောင် မသိ၊ ခေါ်​နေတာတောင် မကြားရလောက်အောင်ပဲ ​ဘာကိုအာရုံစိုက်နေလဲမသိ။

"ဟိတ်...."

"အမေ့ ...."

"ဘာတွေလုပ်နေတာလဲ ဃဃလေးရဲ့ မောင်ခေါ်နေတာ ကြာလှပြီ"

ပြွှတ်စ်.....

နဖူးပေါ် ရောက်လာတဲ့ အနမ်းလေးကြောင့် မဟာ့ရင် ထဲနွေးထွေးသွားသည်။

"ဟုတ်လား ...ငါမကြားတာဖြစ်မယ် ဒီမှာလေ ပန်းစည်းလုပ်နေတာ မောင့်သားက လင်းဆက်လေးမွေးနေ့ ကျပေးဖို့တဲ့ ညလင်းကို ကြယ်ပန်းလေးတွေပါတဲ့ ပန်းစည်းလုပ်ပေးဆိုလို့"

"ဪ...အင်းပါကွာ နားနားနေနေလဲ လုပ်ဦး မွေးကာနီးဖွားကာနီးကို ပင်ပန်းတာတွေ မလုပ်နဲ့ မောင်မရှိတုန်း ဘာတွေမနေသေးလဲ"

"မ မပါဘူးမောင်ရယ် "

"အင်းပါကွာ မောင်က စိတ်ပူလို့ပြောတာပါ မောင်အနားမရှိတော့ ဂရုမစိုက်နိုင်ဘူးလေ အဲ့ဒါကြောင့် မေးနေရတာပါ စိတ်မဆိုးနဲ့နော်"

မောင်က အဲ့လိုပါပဲ။မဟာ ကို တချက်လေးမှ စိတ်အငြိုငြင်မခံတာပါ။မောင် ရန်ကုန်သွားနေတဲ့ ဒီသုံးရက်မှာ မောင့်ကို လွမ်းလို့ ငိုနေခဲ့တာများ မောင်သိရင်ဘယ်လိုနေရှာမလဲ။ခုလည်း မိမိ ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး လက်ကလည်း နဖူးပေါ်ကျနေသည့် ဆံစလေးတွေ ကို သပ်တင်ပေးနေသည်။

"မောင်...ခရီးကပြန်လာတာ ပင်ပန်းနေမှာပေါ့ ခဏနားဦးလေ ငါ စတော်ဘယ်ရီ ဖျော်ရည်လုပ်ပေးမယ် "

"နေပါစေကွာ...မောင်မသောက်တော့ပါဘူး၊ မောင်ကခရီးကပြန်လာတာတော့ ဟုတ်တယ် ဒါမဲ့ပင်ပန်းမနေဘူး ဘာလို့လည်းသိလား"

"ဟင့်အင်း"

"ဟော့ဒိက မောင့်ရဲ့ဃဃလေးကို မြင်လိုက်ရလို့လေ၊ပြီးတော့ နဖူးလေးကို နမ်းလိုက်ထဲက မောင်ပင်ပန်းတာတွေ မရှိတော့တာ အဲ့လောက်ထိကို မောင့်ဃဃလေးက စွမ်းတာဗျ "

"ပိုနေလားလို့ လျှော့လိုက်ဦးနော်"

"တရွေးတောင် မလျှော့နိုင်ဘူးကွာ ဪ....ဒါနဲ့ ပိစိကိုရော မတွေ့ပါလားနော့ ဘယ်သွားဆော့နေပြန်လဲ "

HTOO (Season -2)  [ completed ]Where stories live. Discover now