Extra-4

839 40 8
                                    

Unicode

"ရေပြင်ကြီးရေ ထူးတို့ရောက်လာပြီနော် ကျနော် ကတိတည်တယ်မလား!!"

တချိန်က ကတိတွေပေးခဲ့တဲ့ ရေပြင်ကြီးဆီကို တတိယအကြိမ်ရောက်နေခဲ့သည်။ဒီနေရာလေးမှာ လှပခဲ့တဲ့ အတိတ်နေ့ရက်တချို့က ကြည်နူးစရာ။baby လေးနှင့်ဆုံတွေ့ခဲ့ရသလို၊နောက်တကြိမ်လည်း ချစ်ခွင့်ရခဲ့ပြန်သည်။ခုတခေါက်တော့ အပိုဆုလေးအဖြစ် ဗိုက်ကလေးတောင် ပါလိုက်သေး။

"မောင်ကလည်း ဘာလို့အော်နေတာလဲ ဟိုမှာလူတွေကြည့်နေပြီ"

"ကြည့်ကြည့်ကွာ "

မောင်က မဟာ့ခါးတွေကို တင်းတင်းဖက်ထားရင်း ရေပြင်ကို ကြည့်ကာ အော်နေခြင်းပါ။ သူ့ရင်ခွင်နွေးနွေးမှာ ကိုယ့်ကျောပြင်ကိုမှီကပ်ရင်း ငြိမ်နေလိုက်သည်။လုပ်ချင်တာသာ လုပ်တော့။မတားတော့ဘူး။

"မောင် မင်းအရမ်းပျော်နေတာလား"

"ကျနော့ မြတ်နိုးရာလေးက မေးနေတယ်ဗျို့!! ပျော်လားတဲ့ဗျ!! "

တကယ့်မောင်ပါ။ပတ်ဝန်းကျင်ကိုတချက်လေးမှဂရုမစိုက် သူအော်ချင်ရာတွေသာစွတ်အော်နေသည်။ကိုယ်က ရှက်လို့မဟုတ်ပေမဲ့ သူ့အော်သံက တခြားလူတွေကို ဆူညံစေတယ်လေ။

မဟာတို့ နှစ်ယောက် ခုလက်ရှိရောက်နေတာက ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဥ်ကိုပါ။ ဒီဥယျာဥ်ကြီး ဘယ်လောက်ကျယ်လဲတော့ မိမိလည်း မခန့်မှန်းတတ်။ခုလက်ရှိ မဟာတို့ရောက်နေတဲ့ ကန်တော်ကြီးက မန္တလေးမြို့ကနေ ၄၄မိုင်(69 kilometer) အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၀၅ပေ (မီတာ ၁၀၀၀)ရှိပြီး ပြင်ဦးလွင်မြို့တွင်တည်ရှိသည်။

ဒီဥယျာဥ်ကို ၁၉၁၅ ခုနှစ်တွင် ဗြိတိသျှ သစ်တောဦးစီး အရာရှိ အဲလက်စ်ရော်ဂျာ(Alex Roger)က အပျော်တန်း ဥယျာဥ်မှူး လေဒီ ရှားလက်ခပ်ဖ် (charlotte Wheeler cuffe) ၏ အကူညီဖြင့် ဗြိတိန်နိုင်ငံ ကျူဂါးဒင်း( Kwe) တော်ဝင် ရုက္ခဗေဒ ဥယျာဥ် ကို အတုယူကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဒီအမျိုးသား ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဥ် ကို ရည်ရွယ်ချက် များစွာ ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။မဟာ သိသလောက်ကတော့ ပြည်တွင်း ပြည်ပဧည့်သည်များ အပန်းဖြေအနားယူဖို့၊ သစ်တောသစ်ပင်တွေကို တန်ဖိုးထား ထိန်းသိမ်းတတ်ဖို့၊ရုက္ခဗေဒ ပညာရှင်များ ၊ပန်းဝါသနာရှင်များ သုတေသနပြုနိုင်ဖို့၊စိတ်သုဥ်းပျောက်ကွယ်တော့မည့် အပင်များကို ထိန်းသိမ်းနိုင်ဖို့နဲ့ နိုင်ငံဂုဏ်ဆောင် ဂုဏ်ယူဖွယ်ရာ နေရာတခုအဖြစ် ပြသနိုင်ဖို့ စသောစသော ရည်ရွယ်ချက်များ ဖြစ်သည်။

HTOO (Season -2)  [ completed ]Where stories live. Discover now