Part-4

1.1K 71 32
                                    

Unicode

အေးစက်စက် မြောက်ပြန်လေနဲ့အတူ ဝင်းဖန့်ဖန့်နေရောင်အောက်မှာ နှင်း​မှုန်လေးတွေက တဖွဲဖွဲ။ ဒါက ဆောင်းရဲ့ ပြယုဂ်တစ်ခုလေလား.......

ထူး ​ယခုရောက်ရှိနေတာက ပြင်ဦးလွင်ရဲ့ Hotel တစ်ခုမှာပါ။ baby လေးက ပြင်ဦးလွင် ကိုအလုပ်ကိစ္စနဲ့ ထွက်သွားတာမို့ ထူး ခုလို လိုက်လာရခြင်းပါ။အရင်ရက်တွေက တော့ သားလေးနဲ့အတူ သူ့အိမ်သွားနေခဲ့သည်။baby အိမ်မှာနေခဲ့စဥ်က မိသားစုအားလုံးကို ထူး ရဲ့ အခြေအနေတွေ ဖွင့်ပြောပြတော့ မာမီက.....

"သားငယ်လေး ပျော်တာပဲ မာမီမြင်ချင်တယ်" တဲ့။ကိုထွဋ်က ဘာမှမ​ပြောပေမဲ့ အဏ္ဏဝါကတော့......

"ဘယ်တစ်ယောက်က သူ့အတွက်အလိုအပ်ဆုံးလဲဆိုတာ သူသိအောင်လုပ်ပေးလိုက်" တဲ့ ။ထူး ကတော့တွေးပြီးသားပါ။ ထူး ပဲဖြစ်ဖြစ် ယန္တရာပဲ ဖြစ်ဖြစ် သူနဲ့အနီးဆုံးမှာနေပြီး ကာကွယ်စောင့်ရှောက်ဖို့ပင်။ထိုစဥ်....

Ring..........Ring

သားဆီကပဲ ဖြစ်မည်ထင်သည်။ မနေ့ကလဲ တောက်လျှောက်ဆက်နေခဲ့တာ။ ကားတောင် ဖြောင့်အောင်မမောင်းရ။vc ပဲ ခေါ်ခိုင်း​နေသည်။ သားပြင်ဦးလွင်ကို မရောက်ဖူးလို့ပါ ဆိုတာချည်း။ နောက်ဆုံး သူ့သဘောအတိုင်း vc ခေါ်ပေးလိုက်တော့ ပြုံးရွှင်ပြီး flykiss တောင် ထူး ကိုပေးနေသေးသည်။ သားကျောင်းပိတ်ပေမဲ့ ပြင်ဦးလွင်မခေါ်ချင်။စနေ တနင်္ဂနွေ နှစ်ရက် ပဲပိတ်တာမို့ အသွားအပြန်နဲ့ဆိုတော့ ကလေးက ပင်ပန်းမှာလေ။ ဒါ့ကြောင့် ထူး ပဲ လာလိုက်တာ။​ကျောင်းဖွင့်ရင် ထူးလည်း ပြန်မှာပါ။ သားကို အကြိုအပို့လုပ်ရမည်လေ။ရက်ရှည်ပိတ်မှသာ သားကို ဒီခေါ်တော့မည်။အလုပ်ကိစ္စက ကြာဦးမည်မို့ အသွားအပြန်လုပ်နေရမဲ့ baby ကို စိတ်မချသဖြင့် နောက်ကတကောက်ကောက်လိုက်နေခြင်းပါ။ baby နားမှာ အရိပ်လိုကပ်နေတဲ့ ကိုနောင်ဦးရှိပေမဲ့ သိပ်စိတ်ချရတာမဟုတ်။အတွေးတွေက သားဆီကနေbaby ဆီရောက်သွားပြန်သည်။ ph ကလည်း ဆက်တိုက်မြည်နေသည်မို့ ကိုင်လိုက်သည်။

"boss ဘာလုပ်နေတာလဲ"

ထူး တောင် hello မလုပ်ရသေး။ တဖက်မှ ကျယ်လောင်သော အသံကြောင့် ph ကို နားနှင့်ခွာလိုက်ရသည်။

HTOO (Season -2)  [ completed ]Donde viven las historias. Descúbrelo ahora