Happy Ending

1.3K 51 80
                                    

Unicode

"ပြွှတ်........."

နဖူးပေါ် အနမ်းတပွင့်ပေးကာ ချစ်ရသူလေးကို နှိုးလိုက်သည်။ဒီအနမ်းက အိပ်ရေးမက်တဲ့ ထူး ရဲ့baby လေးအတွက် အကောင်းဆုံးသော နှိုးစက်လေးလေ။

နှိုးစက်လေးကို ဥပက္ခာပြုကာ မျက်လုံးမဖွင့်ပဲ ထူး ကိုလက်ကမ်းနေသည်။ထူးလည်း baby လက်ကလေးကို ဆုပ်ကိုင်ကာ အိပ်ယာဘေးတွင် ဝင်ထိုင်လိုက်သည်။

"ပြွှတ်...."

ဒီတကြိမ်တော့ နှုတ်ခမ်းစိုရဲရဲလေး ကို ငုံထွေးစုပ်ယူလိုက်သည်။ထို အခါမှ မျက်လုံးလေးဖွင့်ကာ........

"ဒီနေ့ဆေး​ Duty off တယ်လေ နော် baby အိပ်ချင်သေးတယ်"

baby လေးက မမကြီးရဲ့ဆေးရုံမှာ အလုပ်လုပ်နေတာပါ။သူ့ဘွဲ့လက်မှတ်ကြီး မြှောက်မြှောက်ပြီး.......
"ငါ UK ထိ သွားပြီးဒါကိုယူခဲ့တာလေ"ဟု ​ပြောလေ့ရှိသည်။ သူ့အလိုမှမလိုက်လျောရင် ခွဲအိပ်မယ်ချည်းပြောနေလို့ ခုလို လိုက်လျောရတာပါ။ဒါပေမဲ့ ပင်ပန်းနေမဲ့ ပုံစံလေးကို ထူး မမြင်ချင်။ထို့ကြောင့် အရေးကြီးသည့် case လောက်သာ ဝင်ကူပေးခိုင်းရသည်။
baby လေးရဲ့စိတ်ကူးက တောရွာလေးမှာပဲနေပြီး ဆေးကုနေချင်သည်တဲ့။ထူး ကြောင့်သာ ထိုစိတ်ကူးတွေ စွန့်လွှတ်ခဲ့ရတာဖြစ်သည်။

ဂျူတီကုဒ် အဖြူလေးနှင့် stethoscop ကိုကိုင်ကာ ပြုံးရွှင်ရယ်မောနေတာကို မြင်ချင်သေးသည်မို့ ။

"အင်း ကိုယ်သိတယ်လေ ဒါမဲ့ တနေရာကို ခဏလိုက်ခဲ့ပေးနော်"

ထူး ရည်ရွယ်ထားတဲ့ ဒီနေ့လေးအတွက် အဓိက ဇာတ်လိုက်ကို နှိုးနေရသည်။သူမှမရှိရင် ထူး ရည်ရွယ်ချက်တွေ အထမ​မြောက်နိုင်။

"အင်း အင်း လိုက်မယ်"

ထူး လည်း baby လေးကိုဆွဲထူကာ ထစေလိုက်သည်။ ကိုယ်ထူလိုက်မှ ရင်ခွင်ထဲ တိုးဝင်ကာ........

"မင်း ငါ့ကို ဘယ်လိုမြင်လဲဟင်"

သူချွဲတာကို တမျိုးမြင်မှာဆိုးလို့ မေးနေတာ ထူး သိတာပေါ့။ ၃၇ နှစ်အရွယ်ကို ကလေးလေးလို့ဖြေရင် လဲ ရွဲ့တာလား ပြောဦးမည်။ပူစီလေး လို့ဖြေ ပြန်ရင်လည်း ငါ့ကို တိရစ္ဆာန်နဲ့နှိုင်းရသလားဆိုပြီး စိတ်ဆိုးတော်မူဦးမည်။ ထိုသို့မဟုတ်ပဲ ဘယ်လိုမှမမြင်ဘူးလို့ဖြေရင်တော့လား တနေကုန် လက်ညောင်းအောင် ချီနေရတော့မှာ။ကိုယ့်မိန်းမလေးလို့ ဖြေမိရင်တော့လား ခုနှစ်ရက်ခုနှစ်လီ ညစာအငတ်ထားခံရသည်။ထူး ဘယ်လိုတောင် ဖြေလိုက်ရမယ် မှန်းမတွေးတတ်တော့။

HTOO (Season -2)  [ completed ]Where stories live. Discover now