Extra-6

797 40 8
                                    

Unicode

ကုတင်ပေါ်  အိပ်မောကျနေသော မောင့်ကိုမဟာနှိုးဖို့ပြင်ရမည်။သား ကိုလိုက်ပို့ဖို့ အတွက်လေ။သားက အကုန်ပြင်ဆင် ပြီးလို့စောင့်နေပြီ။လိုက်ပို့မဲ့လူက ခုထိအိပ်ယာပေါ်ပက်လက်။မဟာလည်း ကုတင်စွန်း အသာထိုင်ကာ...

"မောင်ရေ...ထတော့လေ"

"မောင်နှလုံးသားလေး အိပ်မောကျ​​နေ တုန်းပဲ ဃဃရဲ့ သူကလေ အနမ်းတပွင့်နဲ့မှု လှုပ်မနှိုးရင် မထဘူးတဲ့"

မျက်လုံးမဖွင့်ပဲ မဟာ့လက်ကိုဆွဲကာ လူကို သူ့အပေါ်ဆွဲချနေသည်။အဲ့လိုပါပဲ နှိုးလိုက်ရင် ဘယ်တော့မှ တမ်းထရိုးထုံးစံမရှိ။တခုမဟုတ်တခု အကြောင်းပြကာ ဂျစ်နေတတ်သည်။ ခုလဲ အနမ်းတပွင့်တဲ့ တောင်းနေပြန်သည်။ကိုယ်မှမပေးရင် ဒီနေ့ မောင်တို့တော့ အိပ်ယာထဖို့ လမ်းမမြင်။ဒီပုံစံသာ သူ့သားမြင်ရင် သေချာပေါက်နှုတ်ခမ်းဆူတော့မှာ။

"မောင်.... ထတော့လို့ ကျောင်းပို့ဖို့နောက်ကျနေမယ် မင်းသားကစောင့်နေပြီ"

"မထဘူးကွာ"

မိမိကို ကျောပေးကာ ဟိုဘက်တောင်လှည့်သွားပြန်သည်။ဒါကဘာလဲ သူလိုချင်တာမရလို့ စိတ်ဆိုးနေတာလား။

"ကဲပါ မောင်ရယ် သားကို အရင်လိုက်ပို့လိုက်ဦးနော် ပြန်လာရင် ငါနမ်းပမယ် "

"မရဘူး အခု၊ အခုလိုချင်တာ"

မောင်တို့ ဘာရောဂါထနေပြန်လဲမသိတော့။သူ့ကိုမနမ်းတာနဲ့ပဲ ဖြစ်ပျက်နေလိုက်တာ။နာရီပေါင်း ၂၄ နာရီမှာ အလုပ်သွားတဲ့အချိန်ရယ်၊ အိပ်ပျော်နေတဲ့အချိန်က လွဲလို့ ကျန်တဲ့အချိန်တွေ ခဏခဏနမ်းပေးနေရတာပဲမလား။ဒါတောင် အလုပ်ချိန်လဲ ပြန်ပြန်လာသေးတာ။အဲ့ဒါကိုများ....

ဟူး.......

"မောင်....မင်းမထဘူးနော် အေး အဲ့ဒါဆို ငါပဲကားမောင်းပြီး လိုက်ပို့လိုက်မယ်"

"ထပြီ"

ပါးစပ်ကပြော လူကလည်း ရေချိုးခန်းထဲ လှစ်ကနဲ။မဟာလည်း တဘက်လေးကိုင်ကာ ရေချိုးခန်းရှေ့ ရပ်နေလိုက်သည်။

"ကြာနေပြီနော်... မြန်မြန်လုပ် "

"ပြီးပါပြီခင်ဗျ"

HTOO (Season -2)  [ completed ]Where stories live. Discover now