“ပိတ်လိုက်”
မနေနိုင်သည့် ယွန်းဂီကပါ လက်တခါခါဖြင့် ဝင်ပြောတော့မှ မှော်ဆရာက ပြီးရောလေဆိုသည့်အကြည့်ဖြင့် ဖန်လုံးထဲက မြင်ကွင်းတွေကို ပြန်လည်ပျောက်ကွယ်သွားစေလိုက်သည်။
“အရင်ဆုံး ယဉ်းမိန်းကလေးကို လှည်းပေါ်တင်လိုက်။ ပြီးတာနဲ့ ဒီညပဲ စခန်းကခွာကြမယ်”
ယွန်းဂီဆီက အမိန့်ကို ထယ်ယောင်းက နာခံစွာပင် ခေါင်းငြိမ့်ပြရင်းက ယဉ်းမိန်းကလေးနှင့်အတူ ရွက်ဖျင်တဲရဲ့အပြင်ဘက်ကို ထွက်သွားခဲ့တော့သည်။ ပြီးနောက် မိမိအနောက်ဘက်မှာ ရပ်နေသည့်မှော်ဆရာဘက်ကို ပြန်လှည့်လိုက်ရင်းက ဤသို့ပြောလိုက်လေသည်။
“လမ်းတဝက်မှာ ဆုံကြမဲ့အကြောင်း ဂျောင်ဂုကို လှမ်းအကြောင်းကြားပေးပါ”
“……”
“အိမ်ပြန်ရောက်ရင် ခင်ဗျားလိုချင်တာအကုန်ရှာပေးမှာမို့ ကူညီပေးပါဦး”
မှော်ဆရာဟာ တစ်ချက်သာ မျက်လုံးလှန်လိုက်ရင်းက မိမိပခုံးပေါ်ရောက်လာသည့် ယွန်းဂီရဲ့ လက်တစ်ဖက်ကို မလိုတမာပင် ပုတ်ချလိုက်သည်။ နှစ်ဆယ့်တစ်ရာစုမှာဆိုရင်တော့ သူ့ရဲ့အခန်းကဏ္ဍက ကြားခံနယ်ဖြစ်သည့် ဆက်သွယ်ရေးဌာနလို့တောင် ယူဆလို့ရမည်ထင်ပါရဲ့။
ယွန်းဂီတစ်ယောက် ရွက်ဖျင်တဲလေးထဲမှ ထွက်သွားပြီးမရှေးမနှောင်းတွင်တော့ ဘယ်ကထွက်ပေါ်လာမှန်းမသိသည့် ခိုဖြူလေးတစ်ကောင်က ကောင်းကင်ထက် ပျံတက်လာကာ အတောင်တဖျတ်ဖျတ်ခတ်ရင်း သခင်ညွှန်ကြားရာ အရပ်ဌာနီဆီသို့ အားသွန်ခွန်စိုက်ပင် ပျံသန်းသွားလေတော့သည်။
_____________________
“သတိထားဦး”ခပ်သေးသေး လက်ကလေးတစ်ဖက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားရင်းက ကျောက်တုံးပေါ်ကနေ ချော်လဲမကျသွားစေရန် ထိန်းပေးလိုက်သည်။ တကယ်ဆို ဒီလောက်မြေအနေအထား၊ တောလမ်းလောက်က ဂျီမင်းအတွက် စာဖွဲ့လောက်စရာမရှိပေမဲ့ Alphaဂျောင်ဂုက သည်းသည်းလှုပ်မတတ် ဂရုစိုက်ပေးနေတာမို့ Omegaရဲ့ မျက်နှာထက်မှာ ပန်းရောင်တို့သန်းနေခဲ့သည်။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
အပိုင်း (၂၀)
Start from the beginning