[A\Nအေး ဖလစ်တော့မယ်နော် နည်းယူထား ခွက်စ်ကို ကြံနည်းတွေ သာသာbiasဆီသင်ထား....]
အိမ်ထဲကနေ ကားနားထိ အနောက်ကိုလက်ပစ်ရင်း ရှေ့ကနေသွားနေတဲ့ ဟိုလူကတကယ်အမြင်ကပ်စရာ ကားနားရောက်တော့လဲ သူစလာပြန်ပြီ....
"တက်လေ..."ဆိုပြီး ကားတံခါးဖွင့်ပေးပြီး ခေါင်းထိမှာစိုးလို့ လက်နဲ့ကာထားပေးသေးတယ် ဒီကကလေးမှမဟုတ်တာပဲကို အပိုလုပ်ပြနေတယ်..
"ဘာလုပ်တာလဲ!!!.."
"ခါးပတ် ပတ်ပေးမလို့လေ...."
"ရတယ် ကိုယ့်ဘာသာပတ်လိုက်မယ်...."
တကယ်ပဲ သူများမျက်နှာနားထိ သူ့နှာခေါင်းကြီးတိုးဝင်လာတာ ရူးချင်သွားတာပဲ ထိသွားရင်ဘယ်လိုလုပ်မလဲ ဒီလူတော့....
ဒီလူနဲ့မှ လွှတ်ရလားCEOရယ်.......
"ဘယ်ကိုအရင်သွားမလဲ...."
"ကုန်တိုက်ကို အရင်သွားမယ်..."
"Ok...မင်းလေးသဘော..."
ဒီလူတော့မသိရင် သူ့ရည်းစားမှတ်နေလားမသိဘူး မင်းလေးသဘောတဲ့....
သူနဲ့သွားရင် ရူးမှာပဲ....
ကုန်တိုက်ရောက်တာနဲ့ ကားတံခါးလာဖွင့်ပေးရတာနဲ့ တွန်းလှည်းကိုယ်တိုင်တွန်းပေးရတာနဲ့ လူမြင်ရင်သူကကိုယ့်လင်လိုလို ဘာလိုလိုနဲ့....
[A\N-ကိုအဟုပ်ရဲ့ ဖလစ်ရုံပါ သူကလင်တော်နေပြီ...ဖြည်းဖြည်းပေါ့ တော်ရမှာမပူနဲ့ ရှင်မယူရင် ချုပ်ပြီးတော့ကိုပေးစားမယ်]
ok...နောက်အပိုင်းမှာ ဆက်ဖလစ်မယ်...
💜Minna💜
--------------—————--------—————
*zawgyi*
နေ့နဲ့ညတွေ ကူးပြောင်းလာလေ ပန်းတွေပွင့်ဖူးပြီး လှပလာလေ အရောင်တွေအချိန်တွေသာ ပြောင်းလဲသွားတယ်....
မောင့်မချစ်တွေက မပြောင်းလဲခဲ့ဘူး....
စက္ကန့်ခြားသွားတိုင်းမှာ အချစ်တွေတစ်ဆတစ်ဆပိုတိုးပြီးပဲ မောင်ချစ်ပေးခဲ့တယ်...
ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် မောင်ထားတယ်...ကိုယ်မျက်နှာလေးညိုးတာနဲ့ မောင်ဟာမျောက်မီးခဲကိုင်သလို ဖြစ်နေတတ်တယ်...
