လူကိုချည်ပြီးတုပ်ပြီး ရုန်းမရအောင်ကို ညို့နိုင်လွန်းတာ...
အခုလည်းကြည့် မျက်လုံးဝိုင်းလေးတွေရွဲပြနေတာ အသဲစရားတောင်ကောင်းနေသေးတာ သူ့မျက်လုံးလေးတောင် ကိုယ့်မှာရူးရတာအကြိမ်ကြိမ် အခုလိုနူတ်ပါးပါးလေးဆူပြီး ညို့မှတော့ ဒီလူပြိုပြီပေါ မောင်ရယ်...
"မွ....ချစ်တယ်...ချစ်တယ်...မသွားတော့ဘူးနော်....ဟုတ်ပြီလား...."
"အဲ့ဒါမှ မောင်နှလုံးသားလေး..."
"ဟွန့်...လူဆိုးလေး ဆိုးတယ်နော်..."
"မောင်ကမဆိုးပါဘူး....ချစ်တာလေကွာ...မွ...မွ...မွ...မွ...ပြွတ်စ်..."
အနမ်းတွေကျဲချနေတာ သူအလုပ်များတဲ့ တစ်ပတ်စာလုံး....
"တော်တော့ စာရင်းလုပ်လိုက်ဦးမယ်..."
"မောင့်ရင်ခွင်ထဲမှာလုပ်....မောင်လွမ်းနေတာ အရမ်းပဲ...."
"အင်း...."
သူအလုပ်မအားတာ တစ်ပတ်လုံးဆိုတော့ ကိုယ်နဲ့အိပ်ချိန်တောင် မတွေ့ရဘူး....ကိုယ်ကအိပ်နေတဲ့အချိန်ပြန်ရောက်လာပြီး မနက်ကျအစောကြီးထွက်သွားတက်လို့ မတွေ့ရတာတစ်ပတ်ဆိုတော့ သူမဟုတ်ပါဘူး ကိုယ်လည်းလွမ်းနေတာ တစ်စက္ကန့်တောင်မခွဲချင်တာ...
တခါတလေဆို သူနဲ့များခွဲရရင် ရူးသွားမလားလို့တွေးမိတယ်...မောင်ကမိဘတွေမရှိတော့တဲ့နောက်မှာ ကိုယ်အတွယ်တာရဆုံး တစ်ဦးတည်းသောလူသားပဲ.....
လေသာဆောင်ရဲ့ဆိုဖာထက်ကမောင့်ရင်ခွင်ထဲနေရင်း ဝယ်ရမယ့်စာရင်းတွေ စဥ်းစားပြီးလုပ်နေခဲ့တယ်...မောင်ငြိမ်ငြိမ်နေမယ်ထင်ရင် အကြီးအကျယ်မှားသွားလိမ့်မယ်...
နောက်ကနေသိုင်းဖတ်ထားရင် ဂုတ်ကိုတဖွဖွနမ်းနေသေးတယ် နမ်းရုံနဲ့အားမရဘူး သူအတိတိကကိုက်သေးတာ ယုန်ပေါက်လေး မုန်လာဥစားနေသလိုပဲ မောင်ကသူ့သွားကြီးကြီးနဲ့ ကိုက်နေတာအသဲယားဖို့သိပ်ကောင်းတာ...
စာရင်းလုပ်ပြီးသွားတဲ့အချိန်နဲ့ hobiရောက်လာတာအချိန်ကိုက်ပဲ....တော်သေးတယ် hobiရောက်လာလို့ ဂုတ်မှာလည်းနီရဲနေမှာ အသေချာပဲ...
