အပိုင်းသုံး။

Start from the beginning
                                    

"ဟာ..ဟေ့။ အဲ့လိုစည်းမရှိကမ်းမရှိမစားရဘူးလေ။"

"ကျုပ်စားချင်သေးတယ်။"

သူ့စကားကိုဂရုပင်မစိုက်။ ခပ်ပြတ်ပြတ်ပြန်ပြောပြီး စတော်ဘယ်ရီအသီးအား နောက်ထပ်ငါးလုံးလောက်  ကောက်ဖြုတ်ကာ ပါးစပ်ထဲတစ်လုံးချင်းကောက်ထည့်ပြန်တဲ့ဂျွန်ဧဒင်ကြောင့် ဒီတခါတော့မြို့အုပ်မင်းခွန်းထယ်စိတ်မရှည်တော့။ ဂျွန်ဧဒင်အားလက်မောင်းကနေဆွဲကာ ဆူဖို့ပြင်လိုက်လေရဲ့။

"မင်း..."

သို့သော်လည်း ဆူဖို့ပြင်လိုက်ခါမှ သူ့အားမျက်လုံးပင်လှန်မကြည့်။ စတော်ဘယ်ရီသီးတွေအား လက်နှစ်ဖက်နှင့်ကိုင်ကာ ပါးစပ်ထဲတသွပ်သွပ်ထည့်ပြီး တမြုံမြုံဝါးရင်းစားနေတဲ့ ဂျွန်ဧဒင်လေးအားကြည့်ရင်း မြို့အုပ်မင်းခွန်းထယ်ကြောင်အန့်နေသည်။

ဘာလို့များဒီကောင်လေးအစားစားပုံက လူတွေနဲ့မတူပဲ ယုန်တစ်ကောင်လို ချစ်စရာကောင်းနေရတာလဲ။ ပါးစပ်ထဲစတော်ဘယ်ရီသီးတွေအား ဖွက်ထားလေသလားအောက်မေ့ရအောင် ပါးဖောင်းဖောင်းလေးနှစ်ဖက်အား ချစ်စရာကောင်းလောက်အောင် ဖောင်းကားနေလေရဲ့။

"မင်းကဘာလေးလဲ..."

ခပ်တိုးတိုးမေးသံနဲ့အတူ ဂျွန်ဧဒင်ပါးဖောင်းဖောင်းလေးအား လက်နှင့်တို့ထိလာတဲ့ မြို့အုပ်မင်းခွန်းထယ်။

"ဟား...တကယ်ပဲစတော်ဘယ်ရီသီးတွေကိုဖွက်ထားတာလား။"

လက်နှင့်ထိတွေ့လိုက်ချိန်မှာခံစားမိသည့် ခပ်မာမာအနေထားနဲ့အတူ ဖောင်းကားနေတဲ့ပါးနှစ်ဖက်ဟာ ပါးစပ်ထဲစတော်ဘယ်ရီသီးတွေဖွက်ထားမှန်း သိသာလေ၏။

"ဟားဟား မင်းကယုန်လား။"

"အို့..."

မျက်လုံးလေးပြူးပြူးနဲ့ "အို့"ဆိုတဲ့အသံပိစိနဲ့အတူ သူ့အားမော့ကြည့်လာတဲ့ကောင်လေးကြောင့် မြို့အုပ်မင်းခွန်းထယ်တစ်ယောက် အသည်းတယားနှင့် ဂျွန်ဧဒင်ပါးတွေအားဆွဲညှစ်တော့သည်။

"အင့်!"

"ဟားဟား။ ကဲတော်တော့။ မင်းစားနေပုံနဲ့ ကျုပ်စိုက်ခင်းထဲကအသီးတွေကုန်တော့မှာပဲ"

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now