မန်နေဂျာယန်က ထိုမိန်းကလေးကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး
"မာစတာလေးဝန်က လိမ်ပြီးတော့ မင်းကိုခက်ခဲအောင်လုပ်နေတယ်လို့ဆိုလိုတာလား။ဟမ်??"

မန်နေဂျာက ဒေါသထွက်လာတာကိုမြင်တဲ့အခါမှာတော့ ရှစ်ယွီက ထိုဟာသပြဇာတ်ပြီးကိုကြည့်ပြီး အချိန်ဆက်ဖြုန်းမနေချင်တော့ပေ။ထို့ကြောက့် သူက ရှေ့ကိုတိုးသွားလိုက်ကာ မန်နေဂျာလက်ထဲ ကဒ်ကိုထည့်ပေးလိုက်တော့တယ်။
"ကျနော် ကားမောင်းလိုင်စင်လိုချင်လို့။ကျနော့်ကောင်လေးက ဒီကိုလာဖို့ကဒ်ပေးလိုက်တာ"လို့ပြောကာ မြန်မြန်လှည့်ထွက်လိုက်တယ်။

အရေးမစိုက်တဲ့အမူအရာနဲ့မန်နေဂျာယန်ဆိုတဲ့လူကြီးက ကဒ်ကိုယူလိုက်ပြီး ကဒ်ကိုမြင်လိုက်တဲ့အချိန်မှ သူ့မျက်နှာအမူအရာက ပြောင်းလဲသွားတော့တယ်။

ရှေ့ကောင်တာကတော့ ထိုကဒ်ကို ဇဝေဇဝါဖြင့်ကြည့်နေပြီးမှ မနေနိုင်တော်ပဲမေးချလိုက်တယ်။
"
ဂျာကြီး..ကျမတို့ဆီမှာ မန်ဘာကဒ်ရှိလို့လား။ဒီကဒ်က ဘယ်ကရောက်လာတာလဲ"

သူမ ထိုသို့ပြောလိုက်တဲ့အချိန် ဂျာကြီးက သူ့လက်ကိုပုတ်ထုတ်လိုက်ပြီး
"ပါးစပ်ပိတ်!မနက်ဖြန် အလုပ်မဆင်းနဲ့တော့"

မန်နေဂျာယန်က ထိုသို့ပြောပြီး ရှစ်ယွီနောက်လိုက်လေတော့သည်။

ဝန်ယင်ဟာ ငိုနေသောဧည့်ပြိုမလေးကို အချိန်တစ်ခုမျှကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဒါကိုကြည့်လေ
'စိတ်ကြီးဝင်တဲ့သူတွေက ဘယ်လိုမှမရှင်သန်နိုင်ဘူး'ဆိုတာ ဒီကောင်မလေးကသက်သေပဲ။
(ရမ်းတုတ်🤧🤧)

နောက်ကလိုက်လာသောမန်နေဂျာဟာ မြန်မြန်ပဲ ရှစ်ယွီကိုတွေ့ရှိသွားတယ်။သူက အရိုအသေးပေးပြီး
"Sir..ကျေးဇူးပြုပြီးစောင့်ပါဦးခဗျ။စောစောက အမှားလေးနည်းနည်းဖြစ်သွားတယ်။စိတ်မရှိဖို့မျှော်လင့်ပါတယ်ခဗျ။"

ရှစ်ယွီက သူ့ကိုဆက်တိုက်လစ်လျူရှုထားဆဲဖစ်နေတဲ့အခါ မန်နေဂျာတစ်ယောက် ​​ေဇာ​ေချွးပြန်လာတော့တယ်။
"Sir..ကျတော်ရှင်းပြတာကိုနားထောင်ပေးပါဦး။ကျတော်တို့က..."

You've reached the end of published parts.

⏰ Last updated: Jan 20, 2022 ⏰

Add this story to your Library to get notified about new parts!

Attract Villains' DaddyWhere stories live. Discover now