C 59

619 68 3
                                    

C 59

ရှစ်ယွီဟာ ကျောင်းကနေချက်ချင်းထွက်လာပြီး အနီးအနားတစ်ဝိုက်မှာ ATMကို ချက်ချင်းရှာလေတော့သည်။ထို့နောက် ကဒ်သွင်း၊passwordထည့်ပြီး ကဒ်ထဲမှာရှိတဲ့ဘေကိုစစ်ကြည့်လိုက်သည်။၁ ဆိုတဲ့ဂဏန်းနောက်မှာ ၀ တွေတစ်တန်းကြီးကို သူတွေ့လိုက်ရတယ်။

"ဝှက်သယ်ဖား...သူက ဂျီးနီးယပ်ပဲ။ဘာလို့ဒီလောက်ချမ်းသာနေရတာလဲ။ဒီလောက်များပြားလှတဲ့ပိုက်ပိာက်တွေကိုတောင် ပိုင်ဆိုင်နေပြီ"

ရှစ်ယွီက သက်ပြင်းချလိုက်ပြီး ကဒ်ကိုပြန်ထုတ်လိုက်တယ်။

ဒီငွေတွေက သူ့ကိုပေးထားတာဆိုပေမယ့် ပရမ်းသုံးလို့ဖြစ်တာမဟုတ်ဘူး။

ထိုအစား သူက အနီးနညးမှာရှိတဲ့ ဖိနပ်ဆိုက်လေးကိုတွေ့လိုက်ရတဲ့အခါ အတော်လေးပြည့်ကောင်းတဲ့ ဖိနပ်ကို သာမာန်ကာလျံကာပဲ ဝယ်ယူလိုက်တယ်။

ဖိနပ်အားလုံးက ယွမ် ၃၀၀ထက် မပျော်တဲ့အတွက် သူက ၄ရံဝယ်ယူကာ ထွက်ခွာလာလိုက်တယ်။

ရှစ်ယွီ ထွက်လာသည့်အချိန်က အလွန်စောလွန်းလှတယ်။

သူက မနက်က ယွီရှန်ဖုန်းပေးထားတဲ့ ခမ်းနားလှတဲ့VIPကဒ်ကို ဂရုတစိုက်  ထုတ်ကြည့်လိုက်တယ်။ကဒ်ပေါ်မှာ'Fly Sense'ဆိုပြီးရေးထားတာကိုတွေ့လိုက်ရတယ်။

"ကာမောင်းသင်တန်းကျောင်းအမည်က 'Fly Sense'လားဟ။စုတ်လိုက်တဲ့အမည်ပဲ။ဟားဟားဟား..."
နာမည်ကြောက့် သူ အကျယ်ကြီးအော်ရီလိုက်မိပေမယ့် Fly Sense'ဆိုပြီး ဘာလို့ပေးထားလဲဆိုတာကို သိချင်နေမိတယ်။

အခုတော့ သူက ချမ်းသာသွားပြီးဖြစ်တဲ့အတွက်ကြောင့် နောက်ထပ် ထပ်ပြီး ဘတ်စကားမတိုးစီးတော့ပါ။Taxiတစ်စီးကိုခေါ်လိုက်ပြီးနောက် ကားထဲဝင်လိုက်တယ်။
"မာစတာရေ..အ့နေရာကို ဝေဟင်ပေါ်ရောက်နေတဲ့ဖီးလင်မျိုးနဲ့ပို့ပေးပါဗျို့။ဝေဟင်ဖီးလက်ဆိုတာကို သိတယ်မလား"

"သိပ်သိတာပေါ့ကွာ။မြဲ​ြမဲကိုင်ထားနော်။ကဲ လပ်စဂိုး.."

ထိုသို့ပြောပြီးတာနှင့်တစ်​ြပိုုင်နက် ကားသမားဟာ ကားစက်နှိုးကာမောင်းနှင်တော့သည်။

Attract Villains' DaddyWhere stories live. Discover now