Chapter 11

734 96 0
                                    

AVD-11

ရှစ်ယွီကထိုအကြ​ာင်းကိုတွေးလေလေ သူပိုပြီးစိတ်လှုပ်ရှားမိလေလေ ဖြစ်နေလေတယ်။သူက အကွယ်ကနေထွက်လာပြီး အဝင်ဝမှာ အစ်ကိုကြီးဟုန့်က သူ့ကိုကလူနေတဲ့နေရာကို ပြသနေတာမြင်လိုက်ရတယ်။

အစကတော့ ဘာမှမဟုတ်တာလေးလို့ထင်ထားပေမယ့် ထိုလူက သူ့လည်ပင်းနားနမ်းရှုံ့သလိုမျိုး ကင်မရာကိုစောင်းရိုက်ထားတာက ကြည့်နေတဲ့သူကိုမရောမရာဖြစ်စေတယ်။

"အဟမ်း ...အဟမ်း..."

ရှစ်ယွီဟာ ရှက်ရွှံစွာဖြင့် အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်တယ်။သို့ပေမယ့် ယွီရှန်ဖုန်းကတော့ သူ့ကိုလျစ်လျူရှုထားဆဲပါပဲ။

"ဒါကလေ.....တကယ်က... ကျနော်သူ့ကိုမသိဘူး..."

ရှစ်ယွီက ဘာလို့မှန်းမသိပါဘဲ ရှင်းပြမှဖြစ်မယ်လို့ခံစားနေရတယ်။သူက ယွီရှန်ဖုန်းကို ဂရုတစိုက်လှည့်ကြည့်လိုက်တဲ့အခါ ထိုသူက
ဘာမှဂရုမစိုက်တဲ့ပုံနဲ့ သူရဲ့ နဂိုအမူအရာအတိုင်းရှိနေတာကိုတွေ့လိုက်ရတယ်။

^^နိုးထလိုက်တော့ အစ်ကိုကြီး။တစ်ခြားသူတွေကမင်းကိုမနာလိုမယ်များထင်နေတာလား။ငါ့အတွက်ကတော့ မင်းက အခု ဖြတ်သွားဖြတ်လာတစ်ယောက်သာသာပဲ^^

Systemဟာ ရှစ်ယွီက သူ့နေရာသူမသိမှာကိုစိုးရိမ်ပြီး အေးစက်စွာနဲ့ သတိပေးလိုက်တယ်။

^^ပါးစပ်ပိတ်လိုက်တော့။အခုမင်းနဲ့စကားမပြောချင်ဘူး။အခုထွက်သွား^^

ရှစ်ယွီက အော်လိုက်ပြီး system နဲ့အဆက်အသွယ်ဖြတ်တောက်လိုက်တော့တယ်။

တစ်ဖက္မှာတော့ ယွီရှန်ဖုန်းဟာ ရှစ်ယွီကသူ့သားကိုကယ်လိုက်တဲ့အပိုင်းကိုကြည့်ပြီးသွားပြီဖြစ်တယ်။သူကမျက္မှောင်ကြုတ်လိုက်ပြီး
ဖုန်းကိုပြန်သိမ်းလိုက်တယ်။နောက်ပိုင်းက သူအကုန်သိပြီးသားဖြစ်တဲ့အတွက် ကြည့်စရာမလိုပါဘူး။

"ခင်ဗျားဘယ်လိုထင်လဲ။အစ်ကိုကြီး..ကျုပ်ကလူကောင်းပါဆို။ဟုတ်တယ်မလား။ကြည့်လေ...ကျနော်ခင်ဗျားသားကိုကယ်ခဲ့တာ။ခင်ဗျားကျနော့်ကို ကျေးဇူးမတင်သ့်ဘူးလား။"

Attract Villains' DaddyWhere stories live. Discover now