C 60

1.3K 106 12
                                    

C 60

ထိုလူ့က တစ်စုံတစ်ခုပြောရန်ကြံရွယ်လိုက်သောအချိန်တွင်
"မာစတာလေးဝန်...မင်းလာတယ်"ဆိုသောအသံကြောင့် မပြောဖြစ်တော့ပေ။

အပေါ်ထပ်ကနေဆင်းလာသော ဝတ်စုံအပြည့်နှင့်လူကြီးတစ်ဉီးဟာ ဝန်ယင် ကိုတွေ့လိုက်ရတဲ့သည့်အတွက် အလွန်ပျော်ရွှင်နေပုံရကာ သူ့မျက်နှာတွင်လဲ အပြုံးတစ်ခုချိတ်ဆွဲထားလေသည်။

မာစတာလေးဝန်???

ရှစ်ယွီ ကြောင်စီစီဖြစ်သွားကာ သူ့ရှေ့ကလူကိုကြည့်လိုက်မိတယ်။ထိုသူက သူမြင်ဖူးသောတစ်စုံတစ်ယောက်နှင့်ဆင်နေသလို။သို့ပေသိ မည်သူဆိုတာသူမမှတ်မိ။နောက်တစ်ကြိမ်ထပ်မံကြည့်လိုက်တဲ့အခါမှ ထိုသူက ဝန်ဇောင်နှင့် အတော်လေးကိုရုပ်ဆင်တာပဲ။

ဒါက ဝန်ဇောင်ရဲ့ပင်ကိုယ်စရိုက်လား။လုံးဝမိန်းကလေးမဆန်တဲ့သူ့ရှေ့ကလူကလေ။
နောက်ပြီး သူတို့ရဲ့မျိုးရိုးကလဲ ဝန် ပဲမဟုတ်လား။

ရှစ်ယွီ မျက်မှောင်ကြုတ်လိုက်မိတယ်။သူက သူ့ရှေ့မှာ ပေါ်ထပ်ကဆင်းလာတဲ့မန်နေဂျာနဲ့စကားပြောနေတဲ့လူကိုကြည့်လိုက်ပြီး ထွက်ခွာဖို့ပြင်လိုက်တယ်။

"Sir...ခဏ"

ရပ်တန့်ခံလိုက်ရတဲ့ရှစ်ယွီဟာ သူ့ကို ဘယ်သူခေါ်လိုက်သလဲ ရှာဖွေလိုက်တဲ့အခါ ဝန်ယင် ဆိုတဲ့သူဖြစ်နေလေတယ်။

"ဘာဖြစ်လို့လဲဗျ"
ဒီလူအတွက် သူ့ရဲ့first impression က လှည့်ဖြားခြင်းလို့ ယူဆနေတဲ့ ရှစ်ယွီက မျက်မှောင်ကြုတ်ကာမေးလိုက်တယ်။

ဝန်ယင်က ရှစ်ယွီကိုကြည့်မနေပါဘူး။ထိုအစား သူက မန်နေဂျာဘက်လှည့်ကာ ပြောလိုက်တယ်။
"မန်နေဂျာယန်..ဒီကောင်တာက  ဝန်ထမ်းက customerကိုဘယ်လိုသဘောထားလဲဆိုတာ CCTVမှာ မှတ်တမ်းတင်ထားမှာပဲ။ခင်ဗျားတစ်ချက်ကြည့်သင့်တယ်"

ထိုသို့အပြောခံလိုက်ရတဲ့မန်နေဂျာယန်ရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲသွားပြီး ဧည့်ကြိုဝန်ထမ်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်တယ်။

ရှေ့ကောင်တာအတွက် ရာသီဉတုအခြေအနေက ချက်ချင်းပြောင်းလဲလာတဲ့အခါ ဧည့်ကြိုဝန်ထမ်းက ဆက်လက်ငြင်းဆန်လျှက်ရှိနေတယ်။
"မန်နေဂျာယန်...ကျမပြောတာနားထောက်ပါဉီး။ကျမ မဟုတ်....မဟုတ်...."

You've reached the end of published parts.

⏰ Last updated: Jan 20, 2022 ⏰

Add this story to your Library to get notified about new parts!

Attract Villains' DaddyWhere stories live. Discover now