C 53

528 61 0
                                    

C 53

သူ့ရှေ့က ရွှေဝါရောင်မုန့်များကိုကြည့်ပြီး ယွီရင်ချိုတစ်ယောက် သူ့ဒေါသတွေကိုမျိုသိပ်လိုက်တော့တယ်။ထိုမုန့်တွေကို ကြမ်းခင်းပေါ်ပစ်ချပြီး နင်းပစ်လိုက်ချင်..
...
...
...ပေမယ့် သူမလုပ်နိုင်​ေလဘူး။

တကယ်လို့ ရှစ်ယွီကသာ ယွီရှန်ဖုန်းကို ပြောင်းရွေ့ခိုင်လိုက်ရင် သူသဘောကျတဲ့ထိုလူကိုလဲ သူမြင်ရမှာမဟုတ်ဘူး။
(လင်လင်၂ယောက် အိမ်ပေါ်ကဂျောင်းစေချင်ပါပြီတဲ့😈)

ခဏကြာတော့ သူက မုန်းတစ်ခုကိုယူလိုက်ပြီး ပါးစပ်ထဲသွပ်လိုက်တော့တယ်။
သူက ပြဿနာရှာဖို့ စီစဉ်ထားပေမယ့် ကှစ်ယွီက သူ့ဘေးမှာရှိနေမယ်လို့ဘယ်သူကထင်မိမှာလဲ။သူ စားလို့ပြီးသွားတာနဲ့ ထိုလူက ပဲနို့တစ်ခွက်ကိုထပ်ယူလာပြီး

"မပြီးသေးဘူးမလား"

"ကျနော်..."

ယွီရှန်ဖုန်းရဲ့ ရုတ်တရက်အကြည့်နှင့်တိုးမိပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောချင်နေတဲ့ သူ့ပစပ်လေး အော်တိုပိတ်သွားပြီး သူက စိတ်ဆိုးဆိုးဖြင့် ပဲနို့ကို တစ်ကြိုက်ထဲမော့သောက်ပစ်လိုက်တယ်။
သူခံရတာတွေများနေပြီ။ဒီပြဿနာကောင်ကို အဆုံးသတ်ပစ်နိုင်ဖို့ သူဆုတောင်းတယ်။

ဒါပေမယ့် ရှစ်ယွီကတော့ ဘာမှမခံစားရလေဘူး။သူက ယွီရင်ချိုပုခုံးကိုပုတ်လိုက်ပြီး
"နေ့လည် အိမ်ပြန်မစားချင်ရင်လဲ ကန်တင်းသွားနော်"

"ဖယ်"

သူက ရှစ်ယွီလက်ကိုပုတ်ထုတ်လိုက်ပြီး လွယ်အိတ်ကိုကောက်လွယ်ကာ ခုံပေါ်ကနေထလိုက်ပြီး တံခါးဆီ ခြေစောင့်သွားလိုက်တယ်။

"ဒီကလေးကတော့ ဒေါသနဲ့လူနဲ့မလိုက်ဖက်လိုက်တာ"

သူထိုင်လိုက်တော့ စားပွဲတစ်ဖက်က ယွီရှန်ဖုန်းက ထိုင်နေဆဲ​ြဖစ်ပြီး သူ့ကိုကြည့်နေတာကို တေွ့လိုက်ရတယ်။

ရှစ်ယွီ:"..."

တစ်စုံတစ်ယောက်ဆီက သူ့သားနာမည်ကြားတာတောင် သူက ဘာမှမပြောဘူး???
အရင်ဆုံး ကို့ရို့ကားယားမေးခွန်းတွေကို မပြောကြရအောင်။သူမေးလိုက်ချင်တာက ဘာလို့ ယွီရှန်ဖုန်းက သူ့အပေါ် အမြင်ကောင်းရှိနေရသေးတာလဲ။

Attract Villains' DaddyWhere stories live. Discover now