Final(U)

2.7K 294 106
                                    

နှလုံးမူရာ သူ့၌သာလျှင်
ဝင်သက်စဆုံး ဖွဲ့သီထုံးသည် ...

သံသရာဆုံးသို့ တိုင်စေ...

×××××

"ကိုယ် စံပယ်ပန်းကြိုက်လို့ နည်းနည်းလောက်မျှပေးနိုင်မလား"

မျက်ဝန်းနက်ညို့ညို့တို့အောက်ဝယ် သတိုးက ရုပ်သေးတစ်ရုပ်သဖွယ် သူစေလိုရာစေ ။ ယူဆောင်လာသော စံပယ်ကုံးတို့ကို သတိမမူလိုက်နိုင်ခင်မှာပင် လက်ဝယ်အရောက် ဆက်သခဲ့နှင့်ပြီးပြီ ။

ဘာအတွက်ကြောင့်လည်း ရေရေရာရာမသိသေးသည့်တိုင် အကြင်သူဆန္ဒရှိလျှင် တစ်လောကလုံးကိုလည်း စံပယ်တွေဝေစေနိုင်သည် ။ သတိုးသည် အမှန်တကယ်ပင် သူ့ရှေ့မှလူသားအတွက် အရာရာကိုဆောင်ကြဉ်းပေးလိုပါသည် ။

နှစ်လိုဖွယ်ကောင်းစွာပြုံးပြ၍ စံပယ်ကုံးတို့အားမျက်လွှာတို့စင်းလျက် ထွေးဆုပ်နမ်းရှိုက်လိုက်သည်ကပင် မဟာဆန်လှသောအနုပညာပြကွက်တစ်သွယ်လို ။

စံပယ်ကုံးကိုဖွဖွရှိုက်တော့ မျက်ရည်ကြည်တစ်စက်က မျက်ဝန်းနယ်စွန်းကိုကျူးကျော်လျက် ခြေဖမိုးဝင်းဝင်းတို့ထံပေါက်ခနဲကျသည် ။ ပြုံးရီရီနှုတ်ခမ်းတို့နှင့် သွေဖည်စွာပင် မျက်ဝန်းတို့က ဝမ်းနည်းဝမ်းသာရိပ်တို့လွှမ်းနေ၏ ။ ဘာကြောင့်ရယ်မသိ မျက်ဝန်းငိုတွေက သတိုးနှလုံးသားကို နင့်နင့်သည်းသည်းနာကျင်စေသည် ။

"အစ်ကိုက ဘယ်သူများလဲ"

သိလိုစိတ်က တိကျခိုင်မာသောအဖြေတစ်ခုကိုတောင့်တသည် ။ ထုတ်မေးဖြစ်တော့  လက်ချောင်းတို့နှင့် မျက်ရည်ကိုဖွဖွသုတ်ပစ်လာပါ၏ ။

သက်လျာဟာ ခဏတာမေ့နေခြင်းသာဖြစ်ပါလိမ့်မည် ။ သူ့အားမမှတ်မိခဲ့သည့်တိုင် ကိုယ်တိုင်ကခြေလှမ်းစလာခဲ့ဖို့ကတိပေးခဲ့ဖူးတာမို့ ဤလူငယ်လေး၏ သေသေသပ်သပ်လှန်တင်ထားသောဆံပင်နက်နက်တို့တစ်ချောင်းချင်းစီမှစ၍ ၊ ထွက်သက်ဝင်သက်တို့အဆုံးမှာ သူ့မြတ်နိုးရခြင်းတွေတည်သည် ။

အနမ်းနုနုတို့နှင့် ချော့မြူနှစ်သိမ့်လိုရော့သည် ။ ခပ်တင်းတင်းထွေးပွေ့၍ တောင်းပန်ချင်ပါရော့သည် ။ အရာရာကိုအတူတကွရင်ဆိုင်သွားဖို့ပေးထားခဲ့သောကတိကို ချိုးဖောက်၍ ချန်ရစ်ခဲ့ရခြင်းတွေမှာ တင့်တင့်တယ်တယ်ဆက်လက်ရှင်သန်စေလိုသောဆန္ဒတွေပါဝင်သည်ကိုလည်း သိစေလိုပါသည် ။

ဟံသာဝတီ မျက်ပြေလွှာ (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Where stories live. Discover now