Chapter-3(U)

1.6K 231 78
                                    

ချမ်းကြည်အတူ ၊ ပူချည်အမျှ
ကြင်နာခြင်းမည် ၊ သူ့ထံတည်
ရစ်နှောင်ဖွဲ့သည် နိဗ္ဗာန်ရည်..

×××××

မွတ်သိပ်သော အကြင်နာတို့က လေညင်းနှင့်အပြိုင် အေးအေးငြိမ့်ငြိမ့်ဆော်သွေးလျက် ။

သတိုး၏မထူမပါးနှုတ်ခမ်းလွှာသည် ပန်းသွေးဖျော့ဖျော့ခြယ် ရတနာစိုင်ငယ်ကို စက္ကန့်တို့နှင့်အပြိုင် ရစ်နှောင်စိုးမိုး၍နေသည် ။

အချိန်တစ်ခုကြာသည်အထိ..
အသက်ရှူသံတို့ ပြင်းရှကျယ်လောင်လာသည်အထိ..
အနမ်းတို့သည် ရှည်လျားနင့်သည်းပါ၏ ။
ယစ်မူးချင်စဖွယ် နူးနူးညံ့ညံ့ရပ်ဝန်းငယ်ဆီမှဆုတ်ခွာတပ်ခေါက်မိလိုက်ချိန်တွင် အရှင့်သား၏နှုတ်ခမ်းလွှာတွေက နီရဲစိုလက်လျက်ကျန်ခဲ့ပြီ ။

"သွားကြရအောင် အရှင့်သား ။ ကျွန်ုပ်တို့ထွက်သွားကြရအောင်ပါ ။ ကမ္ဘောဇတိုင်းဆီ သုံးရက်လောက်ခရီးပြင်းနှင်ရင် လွယ်လင့်တကူပဲရောက်လိမ့်မယ်"

"မဟုတ်ဘူး သက်လျာ"

အရှင့်သားသည် ခေါင်းကိုဖြည်းညင်းစွာယမ်းပါ၏ ။

"အင်းလေးရေပြင်ကျယ်ကို ရှုစားဖူးချင်လှချည်ရဲ့ဆို ။ ကျွန်ုပ်လိုက်ပို့မှာမို့ ဒီအတိုင်း...ဒီအတိုင်း...ဘာကိုမှ မကြည့်ပဲ ဘယ်သူမှမသိနိုင်တဲ့နေရာကို သွားကြရအောင်လား "

အနိမ့်အမြင့်တုန်ခါလှိုင်းတွေ မညီမျှသော သတိုး၏စကားသံတို့က ဘယ်လောက်အထိတုန်လှုပ်နေရကြောင်း ခိုင်လုံသည်ထက်ပိုသော အထောက်အထားများ ။

"ကျွန်ုပ်စကားကို နားထောင်ပါ"

"ဟင့်အင်း"

သူ့စကားတစ်ခွန်းချင်းစီတိုင်းကို အမိန့်သဖွယ်ခေါင်းညိတ်နာခံတတ်ခဲ့သော သက်လျာသည် အခုတော့ဖြင့် တောင်းဆိုသည်ကိုပင် ငြင်းတတ်ခဲ့ပြီ ။ ချစ်မြတ်နိုးကြောင်းသိထားတာမို့ ဆိုးလာရော့သလားလေ ။

"သတိုးငယ်..."

"သက်လျာလို့ခေါ်...."

ခေါင်းကိုဖွဖွညိတ်မိခဲ့သည်။
လုလင်ပျိုငယ်သည် သူ့အပေါ်ထိမျှအထိပင် သြဇာလွှမ်းနေနိုင်ခဲ့ပြီ။

ဟံသာဝတီ မျက်ပြေလွှာ (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Where stories live. Discover now