Chapter-2(U)

1.8K 250 124
                                    

မွှေးထုံကြွယ်ကြွယ် ပန်းငုံငယ်
ရေစင်ဖြန်း မနွမ်းစေချင်ပါဘိ..

သည်းစိုင်ဖလှယ် သက်လျာငယ်
မေတ္တာဆမ်း အနမ်းဝေချင်ပါဘိ..

×××××

"စစ်သူကြီး သတိုးလက်ျာငယ်ကို ရာထူးအဆောင်အယောင်ချက်ချင်း ရုတ်သိမ်းပြီး ထောင်သွင်းအကျဉ်းချစေ "

ဘုရင်မင်းမြတ်၏ အာဏာသံဆုံးလျှင်ဆုံးချင်း ညီလာခံနန်းက ကျွတ်စီကျွတ်စီဖြစ်သွားသည် ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသော မှူးကြီးမတ်ရာတို့က အခြေအနေကို နားမလည်နိုင်ကြဟန် ။

ဟင်္သာသနပလ္လင်တော်ထက်က ဟံသာဝတီအရှင်သခင်ကား အံကိုတင်းတင်းကြိတ်လျက် မျက်နှာတော်နီမြန်းလာသည်အထိ အမျက်တော်ရှလျက်ရှိလေ၏ ။

ရှေ့တော်မှောက်တွင်တော့ အခစားဝင်လာသည့် အင်းဝသူလျှိုက ဝပ်ဝပ်တွားတွား ။

"ကိုယ်တော် စစ်သူကြီးအပေါ်ဘယ်လောက်အထိ စိတ်ချယုံကြည်ခဲ့လိုက်သလဲဆိုတာ ဟံသာဝတီတစ်ပြည်လုံးသိရော့တယ်"

သစ္စာဖောက်ခံရခြင်း ၊ နှမြောတသခြင်းနှင့် ဒေါသအမျက်တို့ ရောနှောကိန်းအောင်းနေသောဘုရင့်အာဏာသံက ဒဏ်ရာရခြင်္သေ့တစ်ကောင်သဖွယ် ၊ မိုးထစ်ချုန်းသည့်နှယ် ဟိန်းခနဲထွက်သည် ။

"လျှောက်တင်ပါရစေ ။ စစ်သူကြီးက အဘယ်သို့သောအပြစ်ကို ကျူးလွန်ခဲ့တာကြောင့်များလဲ အရှင်"

တရားရေးဝန်မင်းက လက်နှစ်သွယ်ကိုယှက်မြှောက်ထားလျက် မေးလျှောက်သည် ။ အလုံးစုံသောသူတို့သည် ဘုရင်မင်းမြတ်၏အဖြေစကားကို ဆိတ်ဆိတ်သာငံ့လင့်လျက် ။

"သတိုးလက်ျာငယ်ဟာ လုလင်ပျိုတစ်ယောက်ဖြစ်ပါလျက် အင်းဝအိမ်ရှေ့စံနဲ့ မေတ္တာမျှနေရော့တယ် အမတ်မင်း"

ရာဇဣန္ဒြေကိုထိန်းစောင့်ထားရသော ဟံသာဝတီပြည့်ရှင်က လှိုက်တက်လာသောအမျက်တို့ကို လက်စွဲတော်ဓားရှည်ကိုသာ တင်းတင်းဖိဆုပ်လျက် ထိန်းသည် ။

"အလို..."

''ဒါဟာ ဟံသာဝတီပဲခူးကို သစ္စာဖောက်ဖျက်လိုက်တာပဲ"

ဟံသာဝတီ မျက်ပြေလွှာ (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Tahanan ng mga kuwento. Tumuklas ngayon