Jeong's note & appeal

859 85 27
                                    

အကြောင်းအရာလေးတစ်ချို့ကြောင့် ဒီhistorical လေးကို ဆက်ရေးရမလား မရေးရဘူးလား တော်တော်လေးစဉ်းစားခဲ့ပါတယ် ။ ထွက်လာတဲ့အဖြေကတော့ ဆက်ရေးဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာပါပဲ  :3

(စာလေးနည်းနည်းရှည်မှာပေမယ့် သေချာလေးဖတ်ကြည့်ပေးကြဖို့လည်း request ပါတယ်ရှင့် )

ဂျောင် တကယ့်ကိုကြိုးစားကြည့်ချင်တဲ့typeလေးမျိုးမို့ ၊ ပြီးတော့ ကိစ္စက note တစ်ပိုင်းထုတ်ပြီး သေချာလေးရှင်းပြပေးထားရင် အဆင်ပြေလောက်မယ်လို့လည်း ထင်တာမို့ပါ ။

ပထမတစ်ချက်~

fictionလို့ခေါ်တဲ့ဝတ္ထုတွေမှာ ဖြစ်ရပ်မှန်တွေရှိသလို ၊ တကယ်မဖြစ်ပျက်ဖူးတဲ့incidentတွေကို စိတ်ကူးယဉ်ရေးဖွဲ့ထားတဲ့ ဝတ္ထုတွေဆိုပြီးရှိပါတယ် ။

"ဟံသာဝတီမျက်ပြေလွှာ"ဆိုတဲ့ ဒီfictionကလေးဟာ ဒုတိယအမျိုးအစားဖြစ်တဲ့ စိတ်ကူးယဉ်ဝတ္ထုပါ ။ ပါဝင်လာမယ့် ဇာတ်ကောင်တွေအားလုံးဟာ ဂျောင်ကိုယ်တိုင်ဖန်တီးထားတာဖြစ်ကြောင်း ပြောပါရစေ ။

အချိန်ကာလအနေနဲ့က အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်ပွဲကို ထည့်သွင်းဖော်ပြထားပါတယ် ။ အင်းဝနဲ့ပဲခူးဟာ မြန်မာ့သမိုင်းမှာတကယ်ရှိခဲ့ပြီး စစ်ပွဲကလည်းတကယ်ဖြစ်ခဲ့တာဆိုပေမယ့် မင်းသားသုခုမရော ၊ သတိုးလက်ျာငယ်ဆိုတဲ့ဟံသာဝတီစစ်သူကြီးရောဟာ အပြင်မှာလုံးဝမတည်ရှိခဲ့တဲ့ ဝတ္ထုဇာတ်ကောင်တွေသက်သက်ပါပဲ ><

ဒုတိယတစ်ချက်~

မြန်မာရာဇဝင်တွေ ၊ နန်းတွင်းဝတ္ထုတွေရေးရတာက တာဝန်အရမ်းကြီးတယ်လို့ ပြောကြတာတွေ့မိပါတယ် ။ သမိုင်းအထောက်အထားတွေ ၊ ဗဟုသုတတွေကို သူ့နေရာနဲ့သူ စနစ်တကျထည့်သုံးနိုင်ဖို့ဆိုတာ လုံးဝကိုမလွယ်ကူပါဘူး ။ တစ်စုံတစ်ခုလွဲမှားနေခဲ့ရင် သမိုင်းအမှားကိုဖန်တီးမိသလိုဖြစ်သွားမယ်ဆိုတာလည်း အမှန်ပါ ။ ဂျောင်လည်း ဒါကိုသဘောတူပါတယ် ။

အရိုးသားဆုံးဝန်ခံရရင် ဂျောင်ကစာရေးရတာသဘောကျတဲ့ အပျော်တမ်းစာရေးသူတစ်ယောက်ပါ ။ ဒီfictionကလေးမှာ စစ်ပြိုင်နှစ်ပြည်ထောင်အကြားက လွမ်းမောစရာမေတ္တာကြိုးလေးအကြောင်း အေးအေးငြိမ်ငြိမ်လေးရေးကြည့်ချင်ရုံပါပဲရယ် ။  အစက one shotအနေနဲ့စဉ်းစားဖြစ်ခဲ့တဲ့plotကလေးက စာနည်းနည်းများနိုင်တာမို့ အပိုင်းခွဲရာက mini-storyလေးဖြစ်သွားခဲ့ပါတယ် ။ ဒါကြောင့် သမိုင်းဆိုင်ရာအချက်အလက်တွေပါလာမှာမဟုတ်တဲ့ ဒီfictionလေးကို တာဝန်ကြီးဆိုတာထက် လေးငါးပိုင်းလောက်သာပါမယ့် စိတ်ကူးယဉ်ပုံပြင်လေးတစ်ပုဒ်အဖြစ် ချစ်သောမျက်စိနဲ့ရှုမြင်ပေးကြဖို့ကို မေတ္တာရပ်ခံပါရစေ 🤍.

ဟံသာဝတီ မျက်ပြေလွှာ (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Opowieści tętniące życiem. Odkryj je teraz