Chapter-I (Z)

8.3K 153 4
                                    

ယှက်သွယ်ရစ်ထုံး ၊ သက်ထက်ဆုံးရယ်မို့
ကြင်နာနန်းလယ် ၊ မေတ္တာဖြန်းလို့ ချမ်းလှတယ်..

××××××

ဆောင်းနှောင်းနွဦေး၏ ညလယ်ခင်းသည် နက်ပြာရောင်ရင့်ရင့်ကောင်းကင်ယံအောက်မှာ ခြေခင်းလက်ခင်းသာယာစွာ အရမ်းကြီးအေးစိမ့်မနေသလို ပူနွေးနေခြင်းလည်းမရှိ ။

ရတနာပူရ အင်းဝနေပြည်တော်...။
ခရစ်နှစ် ၁၄၀၀ ၊ အင်းဝ-ပဲခူးစစ်ပွဲကာလ ။

အညာဒေသမို့ ကုက္ကို ၊ တမာ ၊ ထနောင်းစသည့် အပူပိုင်းပေါက်ပင်တွေကား ဟိုမှသည်မှာ စုစုရုံးရုံးပေါက်ရောက်နေသည် ။

တောင်ဘက်စွန်းစွန်းသို့မျှော်ကြည့်လိုက်ပါက မြူတွေထနေသောထန်းတောတွေဖြင့် ညို့ရီနေသည်ကိုတွေ့ရမည် ။

"နွဦေးကာလဟာ ကျွန်ုပ်ရင်ခွင်ထဲက ဒီမျက်နှာတော်လေးလို သိပ်,နှစ်လိုဖွယ်ကောင်းပေရော့"

ရဲရင့်တည်ကြည်ဟန် မျက်ခုံးထူထူအောက်က မျက်ဝန်းအိမ်တွေရဲ့ လဲ့ရီသောင်းဖျနေခြင်းကို ကြယ်ရောင်ဖျဖျအောက် ဝိုးတဝါးမြင်ရသည် ။

အကြင်လူသားသည် နှစ်ယောက်မရှိနိုင်သော သူ၏ မြတ်နိုးခြင်းအစုအဝေးတို့ဖြစ်တည်ရာ ရပ်ဝန်းငယ် ။

"မတွေ့ရတဲ့အချိန်တွေအတွင်းမှာ ကျွန်ုပ်ရဲ့သက်လျာက စကားတွေအများကြီးတတ်လာပေတာပဲ"

ကြည်ကြည်နူးနူးပြုံးရင်း သုခုမက တုံ့ပြန်သည် ။ ကျောပြင်နှင့်ထိကပ်နေသော ရင်အုပ်ကျယ်ကျယ်ဆီမှ စည်းချက်ကျကျနှလုံးခုန်သံကို တသိမ့်သိမ့်ကြားနေရ၏ ။

သူ့အနောက်တွင် ချစ်ကြင်သူ၏ရင်အုပ်ကျယ်ကျယ်ရှိမည် ။ ခေါင်းမော့ကြည့်လိုက်လျှင် မေးရိုးစိမ်းဖန့်ဖန့်နှင့်ဆုံမည် ။ သူ၏လက်တွေကတော့ ချစ်ကြင်သူ၏လက်ချောင်းတွေကြား ရေတံခွန်ငယ်သဖွယ် ယှက်ဖြာနေလိမ့်မည် ။

မြင်လွှာရှေ့တွင်တော့ တောင်သမန်အင်းက ကြယ်ရောင်လရောင်ဆမ်းလျက် စိတ်ကိုအေးချမ်းစေရန်အသင့်ရှိနေလိမ့်မည် ။

သည်ခံစားချက်က နွေးထွေးသည် ။ လုံခြုံလွန်းပါသည် ။

ငြိမ်းချမ်းမွေ့လျော်ရာခဏတာလေးကို ထာဝရအထိ တည်နေစေချင်သည် ။

ဟံသာဝတီ မကျြပွလှော (ဟံသာဝတီ မျက်ပြေလွှာ )  [Completed]Tahanan ng mga kuwento. Tumuklas ngayon