သူက လက်ကို ယမ်းပြီး

"သွား သွား အဆင်သင့်ပြင်ကြ​တော့။ ဒီ​နေ့ည လူကျလိမ့်မယ်"

​ရှောင်ပင်း ဘား​ကောင်တာ အ​နောက်ကို သွားလိုက်သည်။ ဖန်ခွက်များကို စီ​ရင်း

"​ဘော့စ်က ဘယ်မှာလဲ? ကျွန်​တော်တို့​ကော Aအဆင့်စိတ်ဝိညာဥ်ပင်ကို ကြည့်လို့ရလား?"

ကျန်တဲ့ စားပွဲထိုး​တွေကလည်း တကျီကျီ​အော်ကုန်ကြသည်။

"ဟုတ်တယ်။ ကျွန်​တော်တို့ Aအဆင့် စိတ်ဝိညာဥ်အပင်ကို လူကိုယ်တိုင် အပြင်မှာ မမြင်ဖူးဘူး"

စုလင်း ​နောက်​​ဖေးခြံထဲက​နေ ဆိုင်ထဲ ဝင်သည့်အခိုက်အတန့်​တွင်သူတို့​ပြော​နေတာကို ကြားလိုက်သည်။ ​စော​စောပိုင်းက နာလူး ​စောင့်ကြည့်ကင်မရာမှ ကြည့်လိုက်​တော့ လူ​တွေအများကြီး အပြင်မှာ စောင့်ဆိုင်း​နေစဲ​ဖြစ်ကြောင်း သိလိုက်ရသည်။ နာလူးက သူဒဏ်ရာရမှာကို စိုးရိမ်​နေသဖြင့် စုလင်းကို အပြင်ထွက်လာ မခံ​ပေ။

ထို့​ကြောင့် စုလင်းက ​နောက်​​ဖေးခြံထဲမှ ​စောင့်ကြည့်ကင်မရာကို ကြည့်ပြီး​​ တံခါးပိတ်ပြီး​မှသာ ​ရှေ့ဘက် ဧည့်ခန်းဆီ သွားခဲ့သည်။

"အယ်၊ ​ဘော့စ်!"

၀န်ထမ်းတစ်ယောက်က သူ့ကို သတိထားမိပြီး အော်လိုက်သည်။

စုလင်း ရပ်ကာ အပြုံး​လေးဖြင့် နှုတ်ဆက်လိုက်ပြီး

"မင်းတို့ ဆူးနီ​ဘောလုံးပင်ကို ကြည့်ချင်လို့လား? ခဏ​စောင့်၊ ငါ ထုတ်​ပေးမယ်"

​"​ယေး!!!"

"​ဘော့စ်က အ​ကောင်းဆုံးပဲ"

ဝန်ထမ်း​​တွေ အားရဝမ်းသာနဲ့ စုလင်းကို ​မြှောက်ပင့်​ပြောဆိုကြ​တော့သည်။[jue-သူက rainbow fart လို့သုံးထားတာ ချစ်လို့ ပုံ​လေး​တွေ​​ နောက်ဆုံးမှာ ထည့်​ပေးထားတယ်]

စုလင်း ဆူးနီ​ဘောလုံးအပင်ကို ဖန်လုံအိမ်က​နေ ဘားထဲက ​ကောင်တာ​ပေါ်ကို ​ရွှေ့​ပေသည်။ ဆူးနီ​ဘောလုံးပင်ဟာ မ​ပေါ့လှတာ​ကြောင့် ​ကောင်တာ​ပေါ်ချလိုက်ပြီး​နောက် စုလင်း အသက်ရှုသံ​တော်​တော် ပြင်း​နေပြီဖြစ်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းМесто, где живут истории. Откройте их для себя