Chapter 65.2

2.4K 311 0
                                    

Zawgyi

အခန်း (၆၅.၂)

မားမားချောင်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့တာ မင်းရဲ့ ခဲအိုနော်။ ဘယ်သူက မင်းကို စုန့်ယွီမင်လို့ ခေါ်လို့ရတယ်လို့ ပြောလိုက်တာလဲ။" သို့သော် သူမ နားမလည်တာတစ်ခုရှိနေသည်။ လင်မယားနှစ်ယောက်ကြား မည်သို့နားလည်မှုလွဲသွားသည်ကို သူမ သိချင်မိ၏။

ယွမ်ရှန်းက စုတ်တစ်ချက်သပ်ကာ စပ်ဖြီးဖြီးလုပ်လာသည်။ "မားမားချောင်.. နောင် သမီးလက်ထပ်တဲ့အခါကျ သမီးကို အကောင်းဆုံးဆက်ဆံပြီး နူးညံ့ယဉ်ကျေးသိမ်မွေ့တဲ့ ယောက်ျားကောင်းမျိုးကိုပဲ လက်ထပ်မယ်။"

"ကြည့်.. အရှက်မရှိလိုက်တာ.. အမြဲတမ်းခုန်ပေါက်ဆော့နေဖို့ပဲ သိတဲ့ ညည်းက အဲ့လိုယောက်ျားမျိုးကို လိုချင်တယ်ပေါ့လေ။ ဘယ်သူက ညည်းကို လက်ထပ်ချင်မှာလဲ။"

ယွမ်ရှန်းက သူမကို နှင်ထုတ်မည်စိုး၍ မားမားချောင်၏ လက်မောင်းကို သွားဆွဲလိုက်သည်။

မားမားချောင်က ကျိတ်ရယ်ကာ အဓိပ္ပာယ်တစ်မျိုးနှင့် ပြောလိုက်သည်။ "အရင်ကပြောတုန်းကတော့ လက်မထပ်ဘူး၊ အပျိုကြီးပဲလုပ်မယ်လို့ ပြောခဲ့လားလို့ပါ။ ရက်ပိုင်းလေးအတွင်း ပြောင်းလဲသွားတာကြည့်စမ်း။ တော်လောက်ပြီ၊ ဖွံ့ဖြိုးပြီးသား မိန်းကလေးတစ်ယောက်ကို ငါ့အိမ်မှာ ခေါ်တင်မထားနိုင်တော့ဘူး။"

ယွမ်ရှန်း ရှက်သွားသည်။ "သမီးပြောတာက အဲ့လိုယောက်ျားမျိုးကပဲ သမီးလက်ထပ်ချင်တဲ့သူလို့။ တကယ်ကြီးဖြစ်လာမယ့်ဟာလို့ မဆိုလိုပါဘူး။"

"ကောင်းပြီလေ။ အဲ့တာဆို လက်မထပ်နဲ့တော့။ မားမား မင်းကို စောင့်ရှောက်နိုင်သေးတဲ့အထိ အပျိုကြီးပဲ လုပ်တော့။"

ယွမ်ရှန်းက နှုတ်ခမ်းဆူလိုက်သည်။ "မားမားကို အဲ့လိုပေးမလုပ်နိုင်ပါဘူးနော်။ သမီး ဗျက်စောင်းတီး၊ သီချင်းဆိုပြီး ပိုက်ဆံရှာလို့ရပါတယ် မားမားရယ်။"

မားမားချောင်က သူမရှေ့မှ အရူးမလေးကို ကြည့်ပြီး သက်ပြင်းဖျော့ဖျော့ချလိုက်သည်။ "မင်းတို့သုံးယောက်လုံးမှာ မင်းရဲ့ပထမအစ်မကြီးရယ်၊ ဒုတိယအစ်မရယ်ကပဲ လူမြင်ကွင်းကို အများဆုံးထွက်ပြလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ မင်းက ငယ်သေးလို့လေ။ အဲ့တာကြောင့်မို့ မားမားက မင်းကို အများအားဖြင့် မဖျော်ဖြေခိုင်းတာ။ ထပ်ပြောရရင် မင်းက မိသားစုကောင်းကောင်းနဲ့ လက်ထပ်နိုင်မှာပဲလေ။ မင်းက ဖြူစင်လွန်းသေးတယ်။ ဘာကြောင့်များ ဖျော်ဖြေပြီး ပိုက်ဆံရှာမှာလဲ။ ပိုက်ဆံလိုနေလို့လား။"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now