Chapter 3

5.7K 815 25
                                    

Zawgyi

အခန်း (၃)
လက်ထပ်ခြင်း

ကျယ်ပြန့်သော မြစ်ကြီးက ကြည်လင်ချောင်းစွယ်ရွာနှင့် နယ်စပ်မြို့လေးကို ပိုင်းခြားထားသည်။ ညတွင်တော့ ရွှယ့်တုန်ထင်းသည် မင်ဂလာ*လှေကို စီးလာသည်။ သူမ မည်သို့ပင်ငြင်းစေကာမူ မားမားချောင်က သူမအတွက် ပိုးချည်သားအိပ်ယာခင်းနှင့် မားမားချောင်သူမကိုပြောသည့် အရာများဖြစ်သော လက်ဖွဲ့ပစ္စည်းများကို ဝယ်ဖြစ်အောင်ဝယ်လိုက်သေးသည်။

(*မင်ဂလာရဲ့ အပေါ်နှစ်လုံးဆင့်ကို စာမရိုက်တတ်လို့ပါ)

ရွှယ့်တုန်ထင်းသည် တဖြတ်ဖြတ်တောက်ပနေသော ဖယောင်းတိုင်ရှိသည့် လှေဦးပိုင်းတွင် ထိုင်လိုက်သည်။ သူမသည် ပန်းထိုးထားသော မင်ဂလာဝတ်ရုံကို ဝတ်ဆင်ထားပြီး ပါးမို့လေးများပေါ်တွင် မျက်နှာချေပါးပါးလိမ်းချယ်ထားသည်။ သူမသည် လက်ထပ်ပြီးသားအလှလေးဖြစ်သွားလေပြီ။ သူမမထွက်ခွာခင် မားမားချောင် သူမကိုပြောခဲ့သည့် 'အိပ်ခန်းတွင်းမှအဖြစ်ပျက်များ' ဟူသော စကားလုံးများကြားတွင် သူမ၏မျက်နှာလေးပေါ်၌ အနည်းငယ်ရှက်သွေးဖြန်းနေသည်။ သူမအရင်ဘဝက ကျောက်ရွှမ်းကျိနှင့် တွေ့ခဲ့သည့်တိုင်အောင် သူသည် သူမ၏အပျိုစင်ဘဝကို ထိန်းသိမ်းထားစေခဲ့သည်။ သူမ၏နိမ့်ကျစွာမွေးဖွားလာခဲ့သည့် နောက်ခံကြောင့်ပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရွှယ့်တုန်ထင်းသည် မားမားချောင်က ထိုစကားများကို ပြောသည့်အခါ ရှက်သွေးဖြာသွားခဲ့ခြင်းပင်။

သူမ၏ မင်ဂလာခေါင်းဆောင်းကို အသာမြှင့်တင်လိုက်ပြီး ပြတင်းပေါက်မှ ကန့်လန့်ကာလေးကို မ,တင်လိုက်သည်။ နှင်းမှုန်လေးများက ဝါမှုန်လေးများကဲ့သို့ကျဆင်းလာသည်။ အချို့နှင်းပွင့်ချပ်လေးများမှာ လှေပေါ်သို့ လွင့်မြောလာပြီး သူမ၏ပါးမို့လေးများပေါ်သို့ ဆင်းသက်လာကြသည်။ သူမ နှင်းကျနေသည်ကို ကြည့်နေမိသည်။ သူမ ဤဘဝတွင်တော့ သွေးများနှင့် အမှောင်ထုတို့၏ ဝေးရာတွင် နေထိုင်နိုင်ပါမည်လော။ သူမ၏ အတွေးများတွင် ဖျော့တော့သောခံစားချက်တစ်ခုက တလက်လက်တောက်ပနေ၏။ သူမ တတိယမင်းသားကိုထပ်တွေ့ခဲ့လျှင် သူ့ကို သေချာပေါက် ဖျက်ဆီးပစ်မည်သာ။ သူမ၏ယခင်ဘဝတွင် တတိယမင်းသား၏ အိမ်တော်ကြီးထဲတွင် သူမသည် လက်ဖျားခါလောက်သော ဆေးဝါးပညာများကို ဧည့်ဝန်ထမ်းများဆီမှ သင်ယူခဲ့ရသည်။ ထို့ပြင် သူမသည် စီမံခန့်ခွဲရာတွင်လည်း ကျွမ်းကျင်ပေသည်။ သူမ သွေးအေးပြီးအကြင်နာမဲ့သော ထိုတတိယမင်းသားကို အမှန်တကယ်ကို ဖျက်ဆီးပစ်ချင်နေသည်။ ထို့ပြင် ကြောင်ဖြူနှင့် အဆိပ်ပြင်းသော ထိုမိန်းမကိုလည်း ဖျက်ဆီးပစ်ချင်သည်။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now