Chapter 26

4.2K 558 25
                                    

Zawgyi

အခန်း (၂၆)
မင်းတခြားထပ်မေးချင်တာရှိသေးလား

ရွှယ့်တုန်ထင်းသည် ရှေ့ဆက်ရမည့်အရာကို သိ၏၊ လင်မယားအကြား လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်းကို သူမ သိသော်လည်း သူမ၏နူးညံ့သောနှုတ်ခမ်းကို ကိုက်ကာ ကြောက်ရွံ့မှုအပြည့်ဖြင့်မျက်လုံးများကို မှိတ်နေဆဲပင်။

ထိုအချိန်တွင် စုန့်ယွီမင်က ချစ်စိတ်မွှန်နေပြီဖြစ်ကာ ညင်သာစွာပြောလာသည်။ "တုန်ထင်း၊ မင်း ကိုယ့်ကို ဘာများမေးချင်သေးလဲ။ မေးနော်"

သူမ တွေးလိုက်သည်။ "အနောက်ဘက်စွန်းက အဲ့ဒီအမျိုးသမီးက ရှင့်အတွက် ဘာလို့ ဖိနပ်ချုပ်ပေးတာလဲ"

စုန့်ယွီမင်သည် ကူကယ်ရာမဲ့စွာ ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်သည်။ သူ၏ဇနီးငယ်လေးသည် ထိုကိစ္စကို ဆက်တွေးနေတုန်း ဖြစ်လေ၏။ "အဲဒီအမျိုးသမီးရဲ့ ယောက်ျားက ငယ်ငယ်လေးနဲ့တင် ဆုံးပါးသွားတော့ သူမလည်း သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တယ်။ သူမက အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူးလေ။

ဒါကြောင့် ကိုယ်က သူမကို နည်းနည်းကူညီပေးခဲ့တယ်။ ဟိုတစ်လောက ကိုယ် သူမကိုတောင်ပေါ်ကနေ ထင်းတစ်ချို့ သယ်ပေးခဲ့တာလေ။ သူမက ကျေးဇူးတင်လို့ ဖြစ်လိမ့်မယ်"

"အဲ့တော့ သူမက ရှင့်ကို လာပေးတာက ဘာသဘောမှမပါဘူးလို့ ရှင်ထင်တယ်ပေါ့" ရွှယ့်တုန်ထင်းက နူးညံ့စွာ ပြောသည်။ "အဲ့လိုမှမဟုတ်ရင် ကျွန်မတို့ မင်္ဂလာဆောင်ကြီးကျမှ ဘာလို့သူမက ဖိနပ်လာပေးတာတဲ့လဲလို့"

စုန့်ယွီမင်က ရယ်ကာ လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ၏ဆံပင်ကို သပ်ပေးလိုက်သည်။ "အရေးကြီးတာက ကိုယ့်စိတ်က သန့်ရှင်းနေတယ်လေကွာ"

သူမ ခနစဉ်းစားလိုက်ကာ အငြင်းမပွားတော့ပေ။ ထိုအမျိုးသမီး၏ အပြုအမူကို သူမ မကြိုက်သော်လည်း တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရသည့် မုဆိုးမကို သနားမိ၏။ သူမပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကောင်းပြီလေ။ ကျေသွားပြီလို့ပဲ မှတ်လိုက်ကြတာပေါ့"

စုန့်ယွီမင်က ပြုံးလိုက်သည်။ "နေပါဦး။ မင်း ကိုယ့်ကိုဖိနပ်ချုပ်ပေးမယ်လို့ ပြောခဲ့လားလို့။ အယ်? ဘယ်နားမှာပါလိမ့်"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now