Chapter 37

3.4K 445 8
                                    

Zawgyi

အခန်း (၃၇)
နှစ်ယောက်ကတော့ထူးခြားလိမ့်မည်

ရှုယင်က ရွှယ့်တုန်ထင်း၏ နဖူးကို လက်ညှိုးဖြင်ဘ အသာတို့လိုက်သည်။ "ညီမလေးက ဘာလို့ငိုနေရတာလဲ"

ရွှယ့်တုန်ထင်းက မျက်ရည်များကို သုတ်၍ အားတင်းပြုံးပြလာသည်။ "အစ်မ ပြောခဲ့တဲ့ စကားကြောင့်ပါ" သူမ ရှုယင်၏ အချုပ်အလုပ်ကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ "အစ်မ၊ ဖိနပ်ချုပ်ရတာ လွယ်လားဟင်"

ရှုယင်က နှာမှုတ်လိုက်၏။ "လွယ်တာပေါ့။ ညီမက ဘယ်သူ့အတွက် ဖိနပ်ချုပ်ပေးမို့လဲ"

ရွှယ့်တုန်ထင်သည် ရှုယင်က သူမကို နောက်ပြောင်နေသည်ကို သတိပြုမိလိုက်ကာ ရပ်လိုက်တော့သည်။ "အစ်မ ညီမကို မသင်ပေးချင်လည်း ကိစ္စမရှိပါဘူးလေ"

ရှုယင်က ရွှယ့်တုန်ထင်းသည် စိတ်ထိခိုက်လွယ်သည်မှန်း သိသောကြောင့် သူမကို ဆက်မကျီစားတော့ပေ။ သူမသည် ဖိနပ်ခုံပြုလုပ်ပုံ၊ ဖိနပ်အပိတ်ပြုလုပ်ပုံတို့ကို အသေးစိတ်အချက်အလက်များအထိ ပြောပြလိုက်သည်။

သူမ ဖိနပ်ခုံပြုလုပ်သည့် ပစ္စည်းများကိုပါ ထုတ်ပေး၍ တစ်ဆင့်ချင်း သင်ပြပေးလိုက်၏။ ရွှယ့်တုန်ထင်းကလည်း သေသေချာချာလိုက်မှတ်သည်။

သူမတို့နှစ်ယောက်သား တစ်ညနေလုံး စကားများပြောခဲ့ကြသည်။ နေဝင်ရီတရောအချိန်တွင် ရွှယ့်တုန်ထင်းက နောက်ကျနေပြီဖြစ်သောကြောင့် မတ်တပ်ရပ်ပြီး နှုတ်ဆက်ထွက်ခွာသွားတော့သည်။

ဆည်းဆာချိန်လေး၌ သူမ၏ သက်ငယ်တဲလေးဆီသို့ တစ်ယောက်တည်း ပြန်သွားနေသည်။ ထိုသက်ငယ်တဲလေးကို သူမ ပထမဆုံးအကြိမ်အဖြစ် မထားခဲ့ချင်သလို ထိုတဲငယ်လေးထဲမှ လူအားလည်း သူမ မစွန့်ခွာချင်ပေ။

တိမ်ထွတ်စီရင်စုတစ်ဖက်တွင်တောဘ လှပ၍ကလေးဆန်သော မိန်းကလေးတစ်ယောက်သည် မားမားချောင်၏ လက်မောင်း၌ မှီတွယ်နေသည်။

သူမက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "အခုချိန်လောက်ဆို သမီးတို့ရဲ့ ဒုတိယအစ်မ ဘာများလုပ်နေမလဲ။ သမီးတို့ အတူတူ မကတာတောင် ကြာလှပြီနော်"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now