Chapter 64.2

2.5K 349 0
                                    

Zawgyi

အခန်း (၆၄.၂)

စုန့်ယွီမင်က ပြုံးကာ သူမကို ပွေ့ဖက်လိုက်သည်။ "ကောင်းပြီ။ ဒါဆို ကိုတို့ စားနပ်ရိက္ခာတွေ သယ်သွားပြီး ကျွန်းတစ်ခုပေါ်မှာ အိမ်လေးဆောက်နေကြတာပေါ့။ ကိုက စိုက်ပျိုးတာနဲ့ ငါးမွေးမြူတာတွေ လုပ်မယ်။ ပြီးတော့ ချစ်ကတော့ ချက်ပြုတ်တာရယ်၊ တိရစ်ဆာန်မွေးမြူတာတွေ လုပ်ပေါ့။ ကိုတို့ သာမာန်လင်မယားတွေလိုပဲ ဖြတ်သန်းကြမယ်။ နှစ်ဝက်လောက် ကြာတဲ့အခါ ကိုတို့ပြန်လာကြမယ်လေ။"

"တကယ်လို့ ကျွန်မရဲ့နောက်ဆုံးနေ့ရက်တွေအထိ ရှင်နဲ့အတူတူ ကန္တာရမှာ နေရမယ်ဆိုရင်တောင် ပျော်နေဦးမှာပါပဲ.. ကျွန်မ ရှင့်ကို ကလေးလေးတစ်ယောက်လောက် ပေးချင်မိတယ်.." သူမက ဗိုက်လေးကို အသာပွတ်လိုက်သည်။ "မကြီးမှာတောင် ကိုယ်ဝန်ရှိနေပြီ။ ကျွန်မလည်း ကလေးလေးလိုချင်လိုက်တာ.. ဘာလို့များ အခုထိ ကန်ချက်လေးတစ်ချက်တောင် မခံစားရသေးတာလဲ။"

စုန့်ယွီမင်က ရယ်လိုက်သည်။ "ဒါဆိုရင်တော့ ကို အလုပ်ပိုကြိုးစားပြီး ချစ်ကို ကလေးလေးတစ်ယောက်လောက် ပေးမှဖြစ်တော့မယ်။"

"ဂါးးး အကျင့်မကောင်းလိုက်တာ။"

"ချစ်တစ်ယောက်ထဲကိုပါပဲ။ ကို တခြားအမျိုးသမီးတွေအပေါ် မကောင်းကြံတာမျိုး ချစ်မြင်ဖူးလို့လား။"

ရွှယ့်တုန်ထင်းက မျက်လုံးလှိမ့်လိုက်သည်။ "ဘယ်သူက သိမှာလဲတဲ့။"

"ကို တကယ် မကောင်းမကြံဖူးဘူး။" သူက ကောင်းကင်ကို တိုင်တည်၍ ကျိန်ဆိုမည်ပြင်သည်။ သို့သော် သူမက သူ့ပါးစပ်ပေါ် လက်နှင့်အုပ်၍ ပြောလိုက်သည်။ "ဘယ်သူက ကျိန်ဆိုခိုင်းနေလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် ကျွန်မတို့ ကျွန်းပေါ်ကို သွားရတော့မှာပဲဟာ။ အဲ့ခါကျရင် ကျွန်မက ကျွန်းပေါ်မှာရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်လာမှာ။ ဟမ့်... ရှင် ဘယ်အမျိုးသမီးကို မကောင်းကြံဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။"

"ချစ်တစ်ယောက်ထဲကိုပါပဲ... အားတုန်.. ကိုယ်ချစ်တဲ့ မင်းကိုပါပဲ။" သူက သူမကို သူ့လက်မောင်းများကြားဆွဲသွင်းကာ နက်နက်ရှိုင်းရှိုင်း အကြင်နာပေးလိုက်၏။ သူတို့နှစ်ယောက်လုံး အသက်ရှူကြပ်သွားမှသာ လွှတ်လိုက်ကြသည်။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now