Extra5

11.3K 638 46
                                    

"ပါး..ပါး..ဒယ်ဒီ ဒယ်ဒီ"

'ဖတ်..ဖတ်'

ပိတ်ရက်မို့ ဇိမ်နဲ့နှပ်​နေတုန်း လူ​ပေါ်ခွတက်ပြီး လက်​သေး​သေး​လေးနဲ့ တဖတ်ဖတ်နဲ့ အရိုက်ခံလိုက်ရတာမို့ မျက်လုံး​တွေကို မနည်းဖွင့်လိုက်ရတယ်။တရားခံက​တော့ ဒယ်ဒီ့ပရင့်ဆက်​လေး အိကျိတုန်​ခေါ် Aliyah၊အိပ်ယာနိုးနိုးချင်း ကျွန်​တော်တို့အခန်းကို ​ပြေးလာပုံပါပဲ
၂နှစ်ပြည့်ကတည်းက ​မောင်နှမနှစ်​ယောက်ကို ကျွန်​တော်တို့ရဲ့ မျက်နှာချင်းဆိုင်အခန်းမှာ သတ်သတ်ခွဲသိပ်ပြီး အိပ်တတ်​အောင် ကျင့်​ပေးထားတာပါ။စိတ်မချလို့ ညဆို ခဏခဏထကြည့်ရတာမျိုး ရှိ​ခဲ့ပေမယ့် ၅လအတွင်းမှာတင် က​လေး​တွေက ကျွန်​တော်တို့မပါဘဲ အိပ်တတ်တဲ့ က​လေး​တွေ ဖြစ်လို့လာပါပြီ။က​လေး​တွေကို ချစ်မဝ၊ပိုက်​ထွေးမဝဖြစ်ရ​ပေမယ့် သူတို့​​လေး​တွေရဲ့ အနာဂတ်မှာ အမှီအခိုကင်းကင်းနဲ့ သန်မာ​နေဖို့ပဲ ကျွန်​တော်ရော၊အကို​ရော ​​တွေးရ၊​ရွေးချယ်ရပါတယ်။

​မျက်လုံးနှစ်လုံးပွင့်တာနဲ့ Aliyahတို့ အရင်ဆုံးရှာတာက ဒယ်ဒီပါပဲ။ပိတ်ရက်တိုင်း မနက်အ​စော​ပြေးတတ်တဲ့ ထုံးစံအတိုင်း အကိုတစ်​ယောက် ရိုးရာမပျက် ပန်းခြံဖက်ကို ​ပြေး​လေရဲ့။

"အင်း...​မောနင်းသမီး​လေး..​.​အ​စောကြီးနိုးလာတာလား အိကျိ​လေး
ပါပါးကို ​မောနင်းကစ်စ်​ပေးပါဦး"

"အာဘွား ပါပါး..ဒယ်ဒီ..ဒယ်ဒီ"

လူကို အာဘွား​ပေးပြီး ဒယ်ဒီက ပါးစပ်ကမချတဲ့ အိကျိတုန်
သူ့ဒယ်ဒီကို ချစ်တဲ့​နေရာမှာ​တော့ ကျွန်​တော့်သမီးလို့ အ​ပြောရလွတ်ပါပဲ

ပုခုံးထိ​တော့မယ့် သမီးရဲ့​ ​ရွှေ​ရောင်ဆံပင်​လေး​တွေကို အသာသပ်​ပေးရင်း

"ဒယ်ဒီက အပြင်မှာ ​​​​လေ့ကျင့်ခန်းသွားလုပ်တယ်​လေ အိကျိရဲ့
ခု ၈နာရီဆို​တော့ ဒယ်ဒီပြန်လာ​တော့မှာ၊ခဏ​နေ ​​တွေ့ရ​တော့မှာ ​နော် သမီး"

"ဟုတ် ပါပါး...အိကျိ လွမ်း"

"အဟွန်း... အိကျိ​လေးက အချွဲတုံး​လေးပါကွာ၊ဒယ်ဒီပြန်လာရင် လွမ်း​နေတာ​ပြောပြလိုက်​နော်"

Soulmate(Completed)Where stories live. Discover now