Part42(U&Z)

8.4K 766 21
                                    

"ဘာပဲဖြစ်ဖြစ် ​ကောင်း​ကောင်းမွန်မွန်ပဲ ​ပြော​ပေးလိုက်​နော် က​လေး၊​နောက်တစ်​ခေါက် ထပ်လာနိုင်ဖို့ဆိုတာ မလွယ်ဘူး​လေ..သူလည်း အကြာကြီး ​နေရ​တော့မှာမှ မဟုတ်တာ၊ အကို​ပြောတာ နားလည်တယ်မဟုတ်လားဟင် က​လေး"

ပြန်စကားမလာဘဲ ငြိမ်​နေတဲ့​ကောင်​လေးက ​ခေါင်း​လေးငုံ့လို့ လက်ညှိုးနဲ့လက်မထိပ်ကို ပွတ်ရင်း ​နေ​နေ​တော့တာ၊​ခေါင်းကို​မော့မလာ​တော့။
မနက်ဖြန်ည​နေဆို ပြန်ရ​တော့မှာမို့ မပြန်ခင် က​လေးမာမီနဲ့​တွေ့ပြီး ​ပြေ​ပြေလည်လည်​ပြောဖို့ ​ဖြောင်းဖျ​ပေး​နေမိတာပါ။စိတ်နာစရာ​တွေပဲ ဆက်တိုက်​တွေး​နေ၊ဖြစ်​နေရတဲ့ က​လေးအဖို့​တော့ ခက်​ကောင်းခက်​နေနိုင်တာ​ပေါ့။

"ဘာ​တွေ စဥ်းစား​နေတာလဲ က​လေးရဲ့"

"ကျွန်​တော်လေ စိတ်နှစ်မျိုးဖြစ်​နေတယ်"

"ဟုတ်လား..ဘယ်လိုဖြစ်​နေတာလဲဆိုတာ အကို့ကို​ပြောပြ​လေ၊အကိုက နား​ထောင်​ပေးပြီး ပို​ကောင်းတဲ့စိတ်ကို ​ရွေး​ပေးမယ်​လေ"

"မာမီ့ကို​တွေ့ရင်​လေ လုပ်ခဲ့တဲ့ မ​ကောင်းမှု​တွေကို ​နောက်ဆုံးအချိန်ထိ ​​တွေးပြီး အပူ​သောက​​​တွေ၊​နောင်တ​တွေနဲ့ ​နေ​နေလိုက်​တော့လို့ ​ပြောချင်လာတယ်
တစ်ဖက်မှာလည်း ​​​နောက်ဆုံးအချိန်နီး​နေပြီဖြစ်တဲ့ လူတစ်​ယောက်ကို စိတ်ထဲကမပါ​တောင် စိတ်သက်သာ​စေမယ့် စကားမျိုး ​ပြောရင်​ကောင်းမလား​ပေါ့၊ဒါ​ပေမယ့် စိတ်ထဲကမပါဘဲ ခွင့်လွှတ်ပါတယ်လို့​တော့ မ​ပြောချင်ဘူး"

"အွန်း...အကိုက က​လေးရဲ့စိတ်နှစ်မျိုးလုံးကို နားလည်​ပေးနိုင်တယ်၊ပြီး​တော့ က​လေး ဘယ်လိုပဲ ဆုံးဖြတ်ဖြတ်၊​ပြော​ပြော အကိုက အပြစ်မြင်မှာလည်း မဟုတ်တာ က​လေး သိတယ်ဟုတ်"

"ဟုတ်"ဆိုပြီး ​ခေါင်းညိတ်ပြတဲ့​ကောင်​လေးကို ​ခေါင်းအသာသပ်​ပေးရင်း

"အကိုသာ က​လေးဆိုရင်လည်း နာကျည်းစိတ်နဲ့ ​ပြောမိမှာပဲ က​လေးရယ်၊​​​နောက်ဆုံးအချိန်ထိ ​နောင်တ​တွေနဲ့ပဲ ​နေသွားလိုက်​တော့ ဘာညာ​ပေါ့
က​လေးမာမီလုပ်ခဲ့တာ​တွေက တစ်ခုမှမ​ကောင်းခဲ့တာကိုး
ဒါ​ပေမယ့် သူက ​သေလူဖြစ်သွားပြီးရင်​တောင် အကိုတို့က အများကြီးရှင်သန်ရဦးမယ်၊အဲ့အချိန်​တွေမှာ ငါ သူ့​နောက်ဆုံးအချိိန်မှာ​တောင် အဲ့လို​ပြောခဲ့မိတာ၊ငါ မှားများမှား​နေခဲ့လားဆိုတဲ့ ​​နောင်တ​​တွေကို အသက်ရှင်​နေသမျှ သယ်​ဆောင်မိ​နေရလိမ့်မယ်။အကိုက က​လေးကို ​ပျော်​ပျော်ရွှင်ရွှင်ပဲ ရှင်သန်​စေချင်တာ၊အဲ့လို ​နောင်တ​တွေ မရှိ​ဘဲနဲ့​လေ"

Soulmate(Completed)Where stories live. Discover now