Part44(Zawgyi-Final part)

4.9K 155 6
                                    

"အကိုကလည်း ပိုက်ဆံ​တွေအပိုကုန်​အောင်၊ ပါပါးတို့နဲ့ အိမ်မှာတင် စား​သောက်လိုက်ရင် ပြီး​နေတာပဲဟာကို"

"ကိုကပ်​စေး​လေးရယ်...ကျွန်​တော်မျိုး ၁ရက်ရှာစာ​တောင် မရှိပါဘူးခင်ဗျာ၊အပြင်မှာ ညစာ,စားရုံ​လေးပဲကို ဘာ​တွေကပ်​စေးနဲနေရတာလဲ
ကိုယ့်​မွေး​နေ့ကို ​ပျော်စရာ​တွေပဲ​တွေးပါ က​လေးရဲ့"

ဒီ​နေ့က​ဖေ​ဖော်ဝါရီ၁ရက်​နေ့၊ က​လေးရဲ့ ၂၄နှစ်ပြည့်​မွေး​နေ့ပါ။ထပ်​ပြီး​ပြောရရင် က​လေးဆီက တစ်စုံတစ်ခုကို ခွင့်​တောင်းမယ့်​နေ့၊က​လေးရဲ့ ​ပြောင်းလဲသွားမယ့် ပုံရိပ်တစ်ချို့ကို ​တွေးကြည့်ရုံနဲ့​တောင် ကျ​နော် စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။
ဒီ​နေ့အတွက် ကျ​နော်ကြို​တွေးပြီး က​လေးမသိ​​အောင် စီစဉ်ထားရတာ​တွေ အများကြီးပါပဲ။
ဘွဲ့ရခါစ အလုပ်မရ​သေးတဲ့ က​လေးတစ်​ယောက်က ​ငွေရှာဖို့ပဲ ​တွေး​နေပြီး ပို,ပိုပြီးလည်း ကပ်​စေးနှဲ​ကော်တရာ​လေး ဖြစ်လာ​နေ​တော့တာပါပဲ။
ကာဖီဆိုင်မှာ အချိန်ပိုင်းလုပ်ရုံတင် အားမရလို့၊စာကြည့်တိုက်မှာပါ အချိန်ပိုင်း စာကြည့်တိုက်မှူးအကူဝင်လုပ်ရင်း၊တစ်ဖက်မှာလည်း သူ့ရဲ့ပ​ရော်ဖက်ရှင်နယ် ဗိသုကာပညာရှင်အတွက် အလုပ်သင်ဝင်နိုင်ဖို့ ကြိုးစား​နေ​သေးတာ။

"​အင်း​ပါအင်းပါ၊သကြား​ဖေ​ဖေတစ်​ယောက်လုံးကို ချစ်သူ​တော်ထားရတာပဲဟာ..​တွေးမ​နေ​တော့ဘူး
အေဗာတို့၊​ဂျော့ခ်ျတို့​​ရော လာမှာမဟုတ်လား"

"​သေချာတာ​ပေါ့...သူတို့နှစ်​ယောက်မပါရင် ပွဲမပြီးဘူး​လေ ဟားဟား"

"က​လေး​တွေကို"ဆိုပြီး မျက်​စောင်းတဝင့်ဝင့်နဲ့ ​ပြော​နေတဲ့ လူကြီး​ပေါက်စက အ​ဒေါ်ကြီးစတိုင်လ်​ပေါက်​နေတာ သူ့ကိုယ်သူ သိပုံမရဘူး။
ကျ​နော့်ဟူဒီကို ခပ်တည်တည်ယူဝတ်ထားပြီး ရှည်ကျ​နေတဲ့ လက်​တွေကို မပင့်တင်ဘဲ ဒီတိုင်းထား,ထား​သေးတာ။လက်အိတ်စွပ်စရာမလို​တော့ အဆင်​ပြေတယ်တဲ့​လေ။ဒီပုံစံနဲ့လည်း အပြင်ကို ခပ်တည်တည်သွားတတ်တဲ့ က​လေးက ကျ​နော့်အင်္ကျီ ဝတ်ထားရင်၊ကျ​နော့်ကိုယ်သင်းနံ့ကိုပါ ရ​နေပြီး ​ဘေးမှာ ကျ​နော်ရှိ​နေသလို ခံစားရလို့ ဘာကိုမှ မ​ကြောက်​တော့ဘူးတဲ့​လေ။ဒီက​ကောင်မှာ ရှိသမျှ အင်္ကျီထုတ်ပြီး ဝတ်​စေသတည်းဆိုပြီး ​အပုံလိုက်ချ​ပေးရမလား၊ကိုယ့်အင်္ကျီကိုယ်ပြန်ပြီး မနာလိုအူတိုဖြစ်ရင်​ကောင်းမလား​တောင် ​ဝေခွဲရခက်သွားရ​လေတယ်။

Soulmate(Completed)Where stories live. Discover now