Part6

11.3K 1K 68
                                    

(U&Z)

​လေဆိပ်မှာ ဥဒဟိုသွားလာ​နေတဲ့ လူ​တွေ
​ကြောက်စိတ်ကိုမျက်ကွယ်ပြုလို့ luggage၂လုံးကို ကွန်တိန်နာလှည်းထဲထည့်၊​ကျောပိုးအိတ်ကိုလွယ်လို့ ​လေဆိပ်အပြင်​ရောက်​အောင် တွန်းလာလိုက်သည်။
အစိမ်းသက်သက် ဒီ​မြေဟာ ကျွန်​တော့်ဘဝအသစ်အတွက် ​ခြေလှမ်း​တွေအစပျိုး​ပေးဖို့ ​နေရာဖြစ်​ပေးလိမ့်မယ်။

သူ့မိတ်ဆွေ​တွေကို လာကြိုခိုင်း​ပေးမယ်လို့ ဒယ်ဒီ​​ပြော​တော့ အပြတ်အသတ်ငြင်းခဲ့တာက အသစ်ပြန်စမယ့်ဘဝမှာ ထိုအသိုင်းအဝိုင်းက လူ​တွေနဲ့ ကင်းရှင်းလိုတဲ့စိတ်​​ကြောင့်။

"ပါပါး...သား ​လေဆိပ်​ရောက်​နေပြီ၊clientနဲ့ meetingလုပ်စရာ​ပေါ်လာလို့ ည​နေမှပဲ လာခဲ့​တော့မယ်
သား အခုအ​ရေးကြီး​​နေလို့ ဒါပဲ​နော်"

​နောက်​​ကျောဆီနားက ထွက်​ပေါ်လာတဲ့
တိုးဖွဖွနဲ့ညင်သာလွန်းတဲ့အသံ
တိတိကျကျ​ပြောရရင် ဗြိတိန်​လေသံနဲ့ မြန်မာစကား​ပြောဟန် ​ရော​နေတဲ့ ​ယောက်ျားတစ်​ယောက်ရဲ့ ​လေသံ

ရုတ်တရက်​ခြေလှမ်း​တွေရပ်လိုက်မိ​တော့ ​​ဘေးက​နေကွင်းလို့ ဖုန်း​ပြောရင်း ​ကျော်တက်သွားတဲ့ ​ခြေလှမ်းကျဲ​တွေက တစ်ခုခုကို အ​ရေးကြီး​နေဟန်

မ​ပြောင်း​သေးဘူး၊ဆံပင်​တွေကလည်း ​ရှည်​နေဆဲပဲ၊​​ရေ​မွှေးနံ့ကလည်း မ​ပြောင်းမလဲရှိ​နေဆဲပဲ
၆​ပေ​ကို​ကျော်​နေဦးမယ့်ဘက်မှာရှိတဲ့ သူနဲ့ယှဉ်လိုက်​တော့ ၅'၆"ကျွန်​တော်က ​​​သေးငယ်သွားလိုက်တာ။

​နေပါဦး..ဒါဆို သူက ဒီမှာနေတာ​ပေါ့။​ဒီနယ်ပယ်နဲ့ ​ရင်းနှီးကျွမ်းဝင်လွန်း​နေဟန်နဲ့ စကား​ပြောဟန်အ​နေအထား...ဟား ကံတရားကြီးက ကျွန်​တော့်ကိုကျီစယ်လိုက်တာ
အစိမ်းသက်သက် တစ်​ယောက်ထဲဖြတ်သန်းရမယ့် ​​မြေမှာ ​သေချာ​ပေါက် သူရှိ​နေမယ်ဆိုတဲ့အသိက ရင်ကိုတလှိုက်လှိုက်ဖြစ်​စေတယ်။

အ​တွေးကအ​တွေး၊လက်​တွေ့ကလက်​တွေ့ပဲမို့ နယ်​မြေအသစ်မှာ အကြာကြီး မ​တွေး​နေအား
ကားကိုငှားလို့ ​အ​ဆောင်ရှိရာ​ကျောင်းကို အ​ရောက်သွားရသည်။

Soulmate(Completed)Where stories live. Discover now