Part18

10.4K 1K 82
                                    

(U&Z)

"အကို​ဂျေး...​လေယာဉ်က ​​ပြောထားတဲ့အချိန်ထက် ​နောက်ကျသလိုပဲ​နော်"

"က​လေးက ဆန္ဒ​စော​နေလို့ပါ၊​နောက်မကျပါဘူး က​လေးရဲ့"

​ပြောလိုက်​တော့လည်း ​ခေါင်းတညိတ်ညိတ်နဲ့ နာရီကိုငုံ့ကြည့်​နေပြန်တယ်။
မနက်ကတည်းက ကိုဂျူနိုတို့ စိတ်​လှုပ်ရှားပြီး တက်ကြွ​နေ​​တော့တာ၊တားမရဆီးမရ​တွေကို ဖြစ်​နေ​​ရောပဲ။
ကျွန်​တော် တစ်​​နေရာရာကို ခရီးသွားရင်​ရော ဒီလိုပဲ ​မျှော်​နေ​မှာလားလို့ သိချင်ပါဘိ။

"​ဟော အကို​ဂျေး၊​​​အော်​နေပြီ...​လေယာဉ်ဆိုက်ပြီ"

​ပြော​ပြောဆိုဆိုပဲ ထိုင်​နေရာက​နေ ထ​ပြေးသွားတဲ့ ​ကောင်​လေး၊ဒီ​နေ့မှ ဘယ်လိုဖြစ်လို့ အသွက်လွန်​နေရလဲမသိ။

"ရာစု...."

"​ဟေး..စိမ့်"

​ရွှေအို​ရောင်ဆံပင်​အ​ခွေလိုက်​တွေကို ဖြန့်ချထားပြီး ဂျင်း​ဘောင်းဘီအရှည်နဲ့ တီရှပ်အဖြူကို အျပါ်က long coatထပ်ဝတ်ထားတဲ့ ​ကောင်မ​လေးတစ်​ယောက်
အရပ်အ​​မောင်းကအစ က​လေးနဲ့ရွယ်တူဖြစ်​နေပြီး ​သေး​သေးသွယ်သွယ်​လေးနဲ့ ချစ်စရာ​​ကောင်မ​လေး
နှစ်​ယောက်သား အားရဝမ်းသာ​​ပြေးဖက်​နေကြတာက သူတို့နှစ်​ယောက်ဆီက အ​ပျော်​တွေပါ ကူးစက်လို့လာတယ်။

ကျွန်​တော်က က​လေး​နောက်​ကျောဖက်မှာ ရပ်​နေတာမို့ က​လေးကိုဖက်ထားရင်းက​နေ ကျွန်​တော့်ကို မြင်သွားတဲ့ ​ကောင်မ​လေးက သွားအဖြီးသားနဲ့ ကြည့်လာပြီး တဟီးဟီးရယ်ပြလာတယ်။ခုနက ​မော်ဒယ်မ​လေးလို လမ်း​လျှောက်လာတာ သူမဟုတ်သလိုပါပဲ၊

"အယ် လန်ဒန်ဘွိုင်း​ကြီး​တော့် ဟီးဟီး"

ဖက်ထားတဲ့က​လေးကို လွှတ်ပြီး ကျွန်​တော့်ကို တဟီးဟီးရယ်ရင်း စ​ပြောလာတဲ့စကားက အထူးအဆန်းမို့ ကျွန်​တော့်မျက်ခုံးတစ်ဖက်က အလိုလို ပင့်မိသွားရတယ်။

"အယ် အကို​ဂျေး..မိတ်ဆက်​ပေးရဦးမယ်၊ဒါ ကျွန်​တော့်သူငယ်ချင်း 'စိမ့်'တဲ့
စိမ့်..ဒါ ငါအခု​နေ,​နေတဲ့ တိုက်ခန်းက အကို​လေ၊အကိုက မြန်မာစကားလည်း တတ်တယ်"

Soulmate(Completed)Where stories live. Discover now