Part16

10.6K 1K 80
                                    

Sunday Morning>>>>

စူးရှရှအလင်း​ရောင်​ကြောင့် မျက်လုံး​တွေကို ဖြည်းဖြည်းချင်းဖွင့်ရင်း မှန်ပြတင်းကို ကြည့်လိုက်မိသည်။
ဒီ​​နေ့ ရာသီဥတုဟာ သာသာယာယာရှိမယ့်ပုံပါပဲ။
စိတ်နဲ့ခန္ဓာတို့ လုံးဝဥသုဉ်ပြန်ကပ်တဲ့အချိန် ပထမဆုံး သတိရမိတာက မ​နေ့ည​နေက အဖြစ်အပျက်၊ပျားတုပ်ခံထားရတာမို့ နည်းနည်း​တော့ နာ​နေ​သေး​ပေမယ့်၊အဆိပ်မကျန်ခဲ့လို့ ကိုက်တာဘာညာ မရှိ​နေခဲ့​တော့။ထင်မှတ်မထားတဲ့ အဖြစ်အပျက်​တွေကို ပြန်​တွေးမိ​​တော့ တစ်ကိုယ်လုံးရဲ့​​သွေး​တွေဟာ တစ်ဖန်ပြန်လည်ပြီး ပူ​လောင်လာရပြန်တယ်။

​ခေါင်းကိုနာနာရမ်းလို့ အိပ်ရာကထပြီး မှန်​ရှေ့ရပ်မိ​တော့ လည်ပင်းထက်က အနီစက်တစ်ချို့
ကံတရားက ကျွန်​တော့်ကို ဘယ်လို​တောင် စ​,​နောက်ဖို့ ကြိုးစား​​နေတာလဲ မသိ​တော့။ထင်မထား​လောက်​အောင် နူးညံ့တဲ့ ပန်း​သွေး​ရောင်နှုတ်ခမ်း​တွေနဲ့ ထိ​တွေ့ခွင့်ရခဲ့တာ တစ်ခါပြီးတစ်ခါ။

ဘယ်ဖက်လည်ပင်း​ဘေးမှာ လှပစွာရှိ​နေတဲ့ အနီစက်​လေးကို လက်နဲ့တို့ထိကြည့်မိရင်း ပြုံးမိပြန်တယ်။ရုတ်တရက်မို့ လုပ်မိလုပ်ရာ လုပ်လိုက်​ပေမယ့် အကိုလည်း ကျွန်​တော့်ကို ရှက်ပြီးအားနာသွားပုံပါပဲ။ကျွန်​တော်တို့အဖြစ်က ပန်းခြံရဲ့ အလှပဆုံးပန်း​တွေရှိရာ မြင်ကွင်းမှာဖြစ်​နေခဲ့တာ​လေ။တစ်ချို့​တွေဆို ဘရာဗို​တောင် ​အော်သွားကြ​သေးတယ်။ကျွန်​တော်တို့က ဘာမှမဟုတ်​ပေမယ့် အတွဲလို့အထင်ခံ​နေရတာ ဒါ​ရောဆို ၂ကြိမ်​မြောက်ရှိပြီပဲ။အင်း​လေ..ဘယ်သူက​ရော ပျားတုပ်ခံရလို့ အဆိပ်ထုတ်​ပေး​နေတယ် ထင်ပါ့မလဲ။ကံတရားကိုက ကျွန်​တော်တို့ကို စ​နောက်ချင်​နေတာပဲ။

ကိုယ့်အ​တွေးနဲ့ကိုယ်ပဲ ​ရေချိုးခန်းဆီ​လျှောက်ခဲ့ပြီး ​ရေချိုး​ခေါင်း​လျှော်ဖို့ ပြင်လိုက်တယ်။​​
ဒီ​နေ့ကတနင်္ဂ​နွေဆို​တော့ ကျွန်တော့်စိတ်ထင် အကို အပြင်မှာ အားကစားသွားလုပ်​နေမလားမသိ။
​အကိုနဲ့ မျက်နှာချင်းဆိုင်ရမှာ ​တော်​တော်​တော့ မျက်နှာပူပါတယ်။ဘယ်လိုမျက်နှာနဲ့ စကားစရမလဲ​တောင် မစဉ်းစားတတ်​​တော့။

Soulmate(Completed)Where stories live. Discover now