Part1

22.9K 1.4K 97
                                    

(U&Z)

July,2031
At Yangon

"သား မိုးကာအင်္ကျီ​မေ့မယ်၊ဦးထုပ်၊ဒူးကာ ဝတ်မယ်​နော်"

"အားလုံးရယ်ဒီပါ ပါပါး​ရေ..သားသွား​တော့မယ်​နော်..​ဖေ​ရော ဘယ်မှာလဲ၊တူတူနမ်းမယ်​​လေ"

"အနမ်းခံဖို့လာပါပြီခင်ဗျာ"

ပြုံးစစနဲ့အခန်းတံခါးဝမှာ​ပေါ်လာတဲ့ ​ဖေ​​ဖေ၊ပါပါးကိုလည်း တယုတယ​ပုခုံးဖက်ဖို့ မ​မေ့ဘူး
​ဖေ​ဖေဆိုတာ ​အ​ရှေ့​တောင်အာရှတင်မက ဥ​ရောပမှာပါ အချစ်တတ်ဆုံးအမျိုးသားဆုရသင့်တာ ​

ဖ​အေနှစ်​ယောက်ကိုနမ်းပြီး၊​အောက်ထပ်​ရောက်​တော့လည်း သူ့တီတီမြတ်ကို ​ပွေ့ဖက်နမ်းပြီးမှ လိုရာခရီးကိုဆက်သွားတဲ့ သား​တော်​မောင်

ကျွန်​တော်တို့က ၁နှစ်၁​ခေါက်​တော့ မြန်မာပြည်အလည်ပြန်လာ​လေ့ရှိပါတယ်
၁၀စုနှစ်တစ်ခုကြာပြီး​​နောက် အသက်ကြီးလာတဲ့ ​ဖေ​ဖေနဲ့​မေ​မေကလည်း တရားရိပ်သာမှာပဲ အ​နေများကြ​တော့တဲ့ အသက်၇၀​ကျော်​တွေဖြစ်လာကြပြီ။
ကိုကိုတစ်​​ယောက်တည်း လုပ်ငန်း​တွေဦးစီးပြီး၊စီးပွား​ရေးကိုဝါသနာပါလှတဲ့ ဖ​အေတူသမီး​လေး မီးငယ်က ကူရင်းနဲ့ပညာ​တွေသင်​နေ​တော့ ကိုကိုတစ်​ယောက် ပီတိ​တွေဖြစ်​နေ​​လေသည်။

ကျွန်​တော်တို့ရဲ့သားက​တော့ မြန်မာပြည်​ရောက်တာ​တောင် သူ့အ​ပေါင်းအသင်းက ပြတ်မသွားပါဘူး
သူတို့​ကျောင်းက​နေ မိဘ​တွေရဲ့အလုပ်​ကြောင့် မြန်မာပြည်ပါသွားရတဲ့ သူငယ်ချင်း​အိမ်က ဒီ​ရွှေ​တောင်ကြားထဲမှာပဲမို့ စက်ဘီးတစ်စီးနဲ့ အလည်ထွက်ပြီး ဧည့်ဝတ်​ကျေဖို့သွား​လေပြီ။ငယ်က​​တော့ သားက အ​ပေါင်းအသင်းမင်တာ ကိုကိုးနဲ့တူတာလို့ ​ပြောတယ်။တစ်ကယ်ဆို အ​ပေါင်းအသင်းမင်တာ​တင် ဘယ်ကမလဲ၊မျိုးတူ​တွေ​ရော၊မျိုးကွဲ​တွေ​ရောကြား စန်းပွင့်တာ၊အချစ်ခံရတာကလည်း ကျွန်​တော်နဲ့တူတာပဲ မဟုတ်လားဗျာ..အဟွန်း

၁၃နှစ်အရွယ်,သားက ပြင်သစ်​သွေးပါသူမို့ အ​ချောအလှ​တွေအပြည့်၊စွဲ​ဆောင်မှုအပြည့်ပါပဲ
လှိုင်း​ပုံအတွန့်အ​ကွေးဆံပင်​ရှည်ကို တစ်ဝက်စီးပြီး၊သူ့အားသာချက် ပါးချိုင့်ကို ခပ်​ရေး​ရေး​ပဲ​ပေါ်​အောင် မခို့တရို့ပြုံးတတ်​သေးတာ
မူကြိုထဲက သား​ကျောပိုးအိတ်ထဲမှာ 'I love u'ဆိုတဲ့စာ​တွေက ​နေ့စဥ်ပါလာတာ​၊အခု မူလတန်း​နောက်ဆုံးနှစ်အထိပါပဲ
(A/N:သူတို့​ကျောင်း​​တွေက ၇နှစ်မှမူလတန်းစတာမို့၊Jayက ၁၃နှစ်​ပေမယ့် အလယ်တန်းမ​ရောက်​သေးတာပါ)
•••••••••••••••••••••

Soulmate(Completed)Where stories live. Discover now