Chapter : 97

Depuis le début
                                    

ဆူလ​၏ပုန်ကန်ခြင်းမှာ အရင်ကတည်းကစတင်လာခြင်းဖြစ်သော်လည်း အရီးတော်မဟာသီဒါ​၏ ဗျူဟာများကြောင့် တရားမဝင်ပစ္စည်းထုတ်လုပ်ရေးနယ်မြေပါ ဖြစ်တည်လာသည်။

ဆူလတို့က အရီးတော်၊ သျှသိမြို့စားဦးဒေဝတို့နှင့် ပူးပေါင်းကာ သူတို့​၏သီးခြားဆန်သောနယ်မြေတွင် တရားမဝင်ပစ္စည်းများ ထုတ်လုပ်၍ ရောင်းဝယ်မှုပြုလုပ်လာသည်။

အရီးတော်နှင့်သျှသိမြို့စားတို့ ကွပ်မျက်ခြင်းခံရပြီးသည့်တိုင် ဆူလ​၏တရားမဝင်ကူးသန်းရောင်းဝယ်မှု မရပ်တန့်သွားပါချေ။

မှောင်ခိုကျွမ်းကျင်လာသော ကုန်သည်အချို့က ထိုလုပ်ငန်းများကို လွှဲပြောင်းယူ၍ ဦးစီးလာသည်။ မှောင်ခိုလမ်းကြောင်းမှာ ပို၍ကျယ်ပြန့်လာပြီး ပို၍တောင်အနုစိတ်လာသည်။

သို့သော်လည်း မကြာသေးခင်က ဆူလမှ တခြားနယ်မြေများသို့ မှောင်ခိုကူးသန်းနေသော ကုန်သည်တစ်ဦးကို သက်သေနှင့်တကွ ဖမ်းဆီးရရှိခဲ့သည်။

ထိုကုန်သည်ကို စစ်ဆေးမေးမြန်းပြီးသည့်နောက်တွင် ဘုရင်ဘရဏသူသည် အကြံတစ်ခုရရှိလာခဲ့​၏။

သူ​၏အကြံမှာ ဆူလကို လုံးလုံးပြန်လည်အရယူရန်ဖြစ်သည်။ သူသည် ဘုရင်ဖြစ်သည့် မှတ်ကျောက်တိုင်အဖြစ် သမိုင်းမှာရေးထိုးနိုင်ရန် ဆူလကို အရယူချင်လာသည်။

ထိုအကြံကို လွှတ်တော်၌ တင်သွင်းရာ အမတ်များ၊ ဝန်များက လက်ခံကြသည်။ ဆူလကိုပြန်လည်ရယူခြင်းက နိုင်ငံ့စီးပွားရေးအတွက်လည်း အကျိုးရှိမည့်အပြင် မှောင်ခိုရောင်းဝယ်ရေးကိုပါ ချုပ်ငြိမ်းနိုင်မည်ဟု မှူးမတ်များက ယုံကြည်ကြသည်။

ဆူလကို ပြန်လည်ရယူရန်အစီအစဉ်ကို ဆောင်ရွက်ရမည့်လူမှာ မင်းသားအရုဏနှင့် အမတ်ယုဂန်နိုင်ပင်ဖြစ်သည်။

ဘုရင်ဘရဏသူသည် ထိုတာဝန်ကို ထမ်းဆောင်ရန်လူအား, သင့်လျှော်စွာရွေးချယ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဘုရင်ဘရဏသူနန်းတက်ပြီးသည့်အချိန်မှစ၍ မင်းသားအရုဏသည် ရွှေစလွယ်၁၆သွယ်ရသော လွှတ်တော်တက် မင်းသားတစ်ပါးအဖြစ် မြှောက်စားခံရသည်။ ယခုအချိန်ထိ အိမ်ရှေ့ဥပရာဇာမရှိသေးသည်ဖြစ်ရာ မင်းသားအရုဏသည် ဘုရင်ပြီးပါက အာဏာရှိသောစာရင်းထဲ အပါအဝင်ဖြစ်သည်။ ထို့အပြင် မင်းသားအရုဏ​၏ အစွမ်းအစကို မည်သူကမှ မေးခွန်းမထုတ်နိုင်အောင် ယုံကြည်ကြသည်။

The Everlasting One (volume 2 + 3 )Où les histoires vivent. Découvrez maintenant