မန္တာမျိူးနွယ်စုသည် ဥတ္တရ​၏လူဦးရေများသော လူမျိုးစုဖြစ်သည်နှင့်အညီ ရရှိထားသောနယ်မြေပမာဏကျယ်ဝန်းလှသည်။ သို့သည့်တိုင် သူတို့နယ်မြေ​၏ဆယ်ပုံတစ်ပုံမျှသာရှိသောနယ်မြေကို ဆူလတို့အား ပေးလိုက်ရခြင်းအပေါ် မကျေနပ်ကြပါချေ။

ထို့ကြောင့် မန္တာမျိုးနွယ်စုနှင့် ဆူလလူမျိုးတို့သည် နှစ်များစွာကြာအောင် အချေအတင်ဖြစ်ခဲ့​၏။ နောက်တစ်ချက်အားဖြင့် ပန်သျှားလက်အောက်သို့ ရောက်ရှိနေချိန်က မန္တာမျိုးနွယ်စုတို့ကို ဆူလတို့က နှိပ်စက်ညှဉ်းပန်းသည်ဟု ဆိုသည်။ ဤသည်က မန္တာမျိုးနွယ်စုအား ဆူလတို့ကို အငြိုးထား၍ မုန်းတီးရန် တွန်းပို့ခဲ့သည်။

မန္တာမျိုးနွယ်စုတို့​၏ ဆူလလူမျိုးအပေါ်ထားသော အမုန်းသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းအမွေပေးခြင်းခံခဲ့ရ​၏။ ထ်ိုမကျေနပ်ခြင်းအမုန်းတို့က ခေမာမင်းကြီးသာမက ဘုရင်ဘရဏသူ​၏ လက်ထက်တိုင်အောင်ပင် ဖြစ်သည်။

မျိုးနွယ်စုနှစ်စု​၏ အချေအတင်ဖြစ်ခြင်းအပြင် ဆူလလူမျိုးကြောင့် ဥတ္တရနိုင်ငံတွင် ပြဿနာတက်ခဲ့ရခြင်းများလည်း ရှိသည်။

ပထမပြဿနာမှာ ပုန်ကန်ခြင်းဖြစ်သည်။ ဆူလလူမျိုးများသည် သူတို့​၏ဇာတိဖြစ်သော ပန်သျှားပြည်သို့ပြန်လိုကြသည်။ သို့ရာတွင် လူချည်းသာမကဘဲ သူတို့နေထိုင်နေသော ဥတ္တရပိုင်နက်ကိုပါ ယူဆောင်သွားချင်ကြသည်။ ဤသို့နှင့် သူတို့သည် ဥတ္တရပြည့်ရှင်မင်းကို ပုန်ကန်လာကြသည်။ ဆူလလူမျိုးတို့သည် ခန္ဓာကိုယ်ထွားကျိုင်းရုံသာမက သွေးရဲသူများဖြစ်လေရာ ဥတ္တရပြည့်ရှင်မင်းသည် ဆူလလူမျိုးတို့​၏ပုန်ကန်မှုကို အပြီးတိုင် မချုပ်ငြိမ်းနိုင်ပေ။ ထို့ကြောင့် ဆူလလူမျိုးများကို နယ်မြေခွဲမထွက်သွားအောင် ဆွဲထားရုံသာ တတ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဆူလလူမျိုးတို့သည် သူတို့​၏နယ်ပယ်ကို သူတို့သာကြီးစိုးပြီး သီးခြားဒေသပမာ ပိုင်းဖြတ်ခဲ့ကြသည်။ ဆူလနယ်မြေအတွင်းသို့ တခြားမည်သူမှ ဝင်ခွင့်မရတော့သလို ထိုနယ်မြေအတွင်း၌ မည်ကဲ့သို့ဖြစ်ပျက်နေမှန်းလည်း အပြင်လူတို့ မသိရတော့ချေ။ ဆူလနယ်မြေသည် သီးခြားဆန်သောဒေသဖြစ်သွားသည်နှင့်အညီ အမှောင်နယ်မြေ ဟူသောဂုဏ်ပုဒ်ကိုပါ အထူးတလည်
ရှိသွားလေသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now