အပိုင်း ၁၄

Start from the beginning
                                    

ပိုင်ဝေ့ရှင်း အတွေးလွန်နေစဥ် စပွိုင်းငါးကောင်ခန့်သည်  အမဲဖြတ်တော့မည့်ပုံစံဖြင့်  သူမဆီသို့ပြေးလာလေသည် ။

....သောက်ဂွထဲမှ  လူအများကြီးရှိတာကို ငါ့ဆီကိုအုံလာရသလားဟ....

တိုက်ခိုက်နေရင်း ပိုင်ဝေ့ရှင်းတစ်ယောက် နောက်ဘက်သို့ တဖြည်းဖြည်းဆုတ်လာရာ  ဂူအတွင်းပိုင်းထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည် ။

လူရှင်းသောနေရာသို့ရောက်သောအခါ..  သူမရဲ့ခန္ဒာကိုယ်အတွင်းမှ  ပန်းရောင်အလင်းလေးများတောက်ပကာ  ပန်းရောင်ဖျော့ဖျော့မြူငွေ့လေးများ ထွက်ပေါ်လာသည် ။

ထိုအငွေ့များကို ရှုမိသော စပွိုင်းကောင်များသည် တခဏမျှ ငြိမ်သက်သွားကြပြီး  မလှုပ်မယှက် ရပ်နေကြသည် ။

ရလာသောအခွင့်အရေးကိုအရယူကာ  ပိုင်ဝေ့ရှင်း  စပွိုင်းများအား  သူတို့နဲ့လက်နက်ဖြင့်  အားကုန် ရိုက်ချလိုက်သည် ။

ပြန်လည်ခုခံနိုင်ခြင်းမရှိသည့် စပွိုင်းများသည်  တကောင်ချင်းစီ ပြန်လည်ပျောက်ကွယ်သွားတော့သည် ။

" တင်းတောင်.... ဂုဏ်ယူပါတယ်... ငြိမ်သက်ခြင်းငွေ့ရည်စွမ်းအင်ရရှိသည့်အတွက် points 500ရရှိပါသည်...  ဖြောင်းဖြောင်းဖြောင်း..."

" နည်းလိုက်တာ... ငါ အများကြီးတိုက်ခိုက်ရတာလေ..ပြီးတော့ ဘာလဲ ငြိမ်သက်ခြင်း  ထူးထူးဆန်းဆန်းကြီး  .... သူများပါဝါတွေလိုမိုက်လဲမမိုက်ဘူး....  "

" အရစ်ရှည်မှုအတွက်  အမှတ်အနှုတ်မခံလိုပါက  သင့်၏အပေါက်အား လက်ဖြင့်ဆို့ထားပါ.. ထပ်ပြောပါက စွမ်းရည်ကိုပြန်သိမ်းဆည်းမည် ... "

" ဒီဖေ......."

"  အဖွဲ့ဝင်အသစ်အဖြစ် ထိုကောင်လေးကို သိမ်းသွင်းရန်  points  200 "

" okပါ "

ကျောက်ဂူထဲတွင်  တခဏအကြာ  တိုက်ခိုက်သံများရပ်စဲသွားသည် ။

" မဖြစ်နိုင်ဘူး.... လုံးဝမဖြစ်နိုင်ဘူး.. မင်းတို့လိုပိုးမွှားလေးတွေက ငါ့ကလေးတွေကို သတ်ပစ်လိုက်နိုင်တယ်.. မင်းတို့စောင့်နေလိုက်... ငါမကြာခင် ကလဲ့စားချေဖို့ပြန်လာခဲ့မယ်ကွ!!!!!! ..... "

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now