Arc-1|Chapter-11

686 122 4
                                    

Dec 24

//Unicode//
Arc-1| ရှန်းယန်အထက်တန်းကျောင်း

သာမန်လူတစ်ယောက်ရဲ့နားရွက်တွေက
ခန္ဓာကိုယ်မှာ sensitiveအဖြစ်ဆုံးနေရာများ
ဖြစ်သင့်သည်၊ သို့သော် ရွှီးဇီယွဲ့က စွန်းမော့နားထဲ
တိုက်ရိုက်ပြောတာတောင် တစ်ဖက်လူက
တုံ့ပြန်မှုမရှိချေ။

အောင်မြင်မှုရသည့်ခံစားချက်များ တစ်ခဏချင်း
အငွေ့ပျံပျောက်ကွယ်သွားလေတော့သည်။

အနည်းငယ် ကသိကအောက်ဖြစ်သွားသောလေထုကို
ပြန်ဖာထေးရန်အလို့ငှာ ရွှီးဇီယွဲ့က ချောင်းနှစ်ချက်
ဟန့်လိုက်သည်။

"ဘာလို့မဖြေတာတုန်း"

"မင်း ၆ထပ်မြောက်ကိုသွားချင်ခဲ့တာ
မဟုတ်ဘူးလား"
စွန်းမော့က တည့်တိုးမဟုတ်စွာဖြေသည်။

"အာ... ငါတစ်ယောက်ပဲ သွားချင်တာမှမဟုတ်တာ"
ရွှီးဇီယွဲ့က တိုးတိုးရေရွတ်လိုက်သည်။
"နေဦး... ဒါဆို ငါကမင်းအတွက်ထူးခြားတာပေါ့နော်"

ရွှီးဇီယွဲ့ကပဲဆက်ပြောသည်။

"မင်းနဲ့ဟိုစွန်းရွှယ်ပေါင်အကြောင်းလည်း
ပြောမပြရသေးဘူးနော်။ မင်းမှာ လျှို့ဝှက်ချက်တွေ
တော်တော်များတာပဲ ဟမ်"

နောက်ဆုံးယုန်ဖြူချိုချဉ်လေးရှိရာ အိတ်ကပ်ကို
ထိကြည့်လိုက်သည်။ သူက ချိုချဉ်ကိုထုတ်ပြီးနောက်
စွန်းမော့ရှေ့ဝှေ့ပြလိုက်သည်။

"ဒီမှာ ချိုချဉ်တစ်လုံးပေးမယ်။ ပြောပြမှာလား"

စွန်းမော့က ယုန်ဖြူချိုချဉ်ကိုကြည့်ပြီးနောက်
ပြန်ဖြေသည်။

"ချိုချဉ်တွေတအားသဖြင့်စားရင်
သွားပိုးစားလိမ့်မယ်"

"....broရာ အဲ့ဒါအဓိကမဟုတ်ဘူးလေ"
ဒါကြီးက လိုရင်းနဲ့ကွဲမသွားလွန်းဘူးလား?

ထို့နောက်မှာ စွန်းမော့ကထပ်ဖြည့်ပြောသည်။
"ငါကတော့ သွားပိုးစားမှာမဟုတ်ဘူး"

ရွှီးဇီယွဲ့ "???"

စွန်းမော့က ယုန်ဖြူချိုချဉ်ကိုကြည့်လိုက်ပြန်သည်။
"မင်းငါ့ကိုလာဘ်ထိုးနေတာလား"

{Dropped} MG[မြန်မာဘာသာပြန်] Where stories live. Discover now