Arc-1| Chapter-10

468 108 7
                                    

ဒီအပိုင်းက December 23တုန်းက
တောင်းထားတဲ့ဟာပါ။ တောင်းထားတဲ့dateကို
အပိုင်းအစရဲ့ ညာဘက်ထောင့်မှာရေးပေးမယ်နော်
နောက်အပိုင်းတွေမှာလည်းအဲ့လိုပဲရေးပေးထားမယ်
^^
__________________

Dec 23

//Unicode//
Arc-1| ရှန်းယန်အထက်တန်းကျောင်း

ရွှီးဇီယွဲ့တစ်ယောက် စွန်းရွှယ်ပေါင်အားကြည့်လေလေ
သူနောက်ပြောမည့်စကားကို မယုံလေလေ
ဖြစ်လေသည်။

ဤတစ်ယောက်ပေါ်လာတိုင်း လူများကို
မသေမရှင်ဖြစ်အောင်ခြောက်သည်။ သူ့အမူအရာအရ
စွန်းမော့ကို တော်တော်လေးမုန်းတဲ့ပုံပင်၊ သို့ပေမဲ့
၎င်းကနည်းနည်းတော့ ပိုလွန်းနေသည်ဟု
ရွှီးဇီယွဲ့ခံစားရ၏။

သို့သော်လည်း သူ့သဘောအတိုင်းလိုက်လုပ်
မပေးလျှင် ကိုယ်ထိလက်ရောက်အန္တရာယ်ပြုတာမျိုး
လုပ်မည်စိုးသဖြင့် ရွှီးဇီယွဲ့မှာ အတည်ပေါက်ဖြင့်
ခေါင်းညိတ်လိုက်ရသည်။

"နားလည်ပြီ။ အဲ့တော့ မင်းကငါ့ကို
ဘာလုပ်စေချင်တာလဲ"

စွန်းရွှယ်ပေါင်၏မျက်လုံးများက ခက်ထန်သွားသည်။

"သတ်ပစ်လိုက်!"

ရွှီးဇီယွဲ့ "......."
သူက ငါးတောင်မသတ်ဖူးတဲ့ အထက်တန်းကျောင်း
ပြီးကာစကျောင်းသားလေးပါ...

သို့သော် စွန်းရွှယ်ပေါင်ကျေနပ်စေရန် သူ့ခဗျာ
သံယောင်လိုက်ပေးရလေသည်။

"အနည်းဆုံး ဘာလုပ်ရမလဲဆိုတာတော့
ပြောဦးလေ"

"သူ့ကိုဘယ်လိုချိပ်ပိတ်ရမလဲပဲ ငါသိတာ။
အရင်က သူ့ကိုချိပ်ပိတ်ဖို့ သူများကိုအကူအညီ
တောင်းဖူးတယ်၊ ဒါပေမဲ့ အဲ့တာတောင် အဲ့ကောင်က
မသေသွားဘူး"
စွန်းရွှယ်ပေါင်က အံကြိတ်လျက်ပြန်ဖြေသည်။

"ဒါဆို ဘယ်လိုချိပ်ပိတ်ရမှာလဲ"

ဤတစ်ယောက်နှင့်စကားပြောရသည်မှာ
ပင်ပန်းလှ၏၊ လိုရင်းကိုမရောက်နိုင်ဘဲ ဒီနားတင်
တိုင်ပတ်နေသည်။

"ပြာတွေပါတဲ့ကရားအိုးကိုရှာ၊ ပြီးရင် ပြာတွေကို
မီးရှို့လိုက်။ အဲ့လိုလုပ်ပြီးရင် ချိပ်ပိတ်သွားလိမ့်မယ်"

{Dropped} MG[မြန်မာဘာသာပြန်] Where stories live. Discover now