Arc 1| Chapter 2

593 142 6
                                    

For KoKoe8080. Thank you so
much. 🤗
______________

//Unicode//

Arc 1| ရှန်းယန်အထက်တန်းကျောင်း
(ထူးဆန်းသောကျောင်းတော်)

တစ်မနက်ခင်းလုံး ရွှီးဇီယွဲ့သည် စွန်းမော့၏ခုံ
အနားတွင် ဝေ့လည်ကြောင်ပတ်လုပ်နေလေ၏။
ဒါပေါ့ သူက လုရန်ကျားနှင့်လည်း စကားပြောခဲ့ပါ
သေးသည်၊ သို့ပေမဲ့ လုရန်ကျားက သူ့စကား
အတော်များများကို အဖက်မလုပ်ဘဲ သူ့ကို
မကြာခင်သေတော့မည့် လူတစ်ယောက်လို
စူးစိုက်ကြည့်နေလေသည်။

လုရန်ကျားမှာ စွန်းမော့ရဲ့ ချောမောတဲ့
မျက်နှာနဲ့ပတ်သက်ပြီး အတွေးမရှိတဲ့အချက်နဲ့
ပေါင်းထည့်လိုက်တော့ ရွှီးဇီယွဲ့ဟာ သူနဲ့
စကားပြောပြီး အချိန်မဖြုန်းတော့ဘဲ ထိုအစား
စွန်းမော့ကိုသာ အာရုံထားလိုက်တော့သည်။

အား.... ဒီဂိမ်းထဲမှာ papapaလို့ရော
ရလားမသိဘူး... တကယ်လို့ ရတယ်ဆိုရင်
သူသေတဲ့အထိ လိုက်ကပ်နေတဲ့ Virgin
ဂုဏ်ပုဒ်ကြီးကို ဖယ်ထုတ်ပစ်လို့ရပြီပေါ့!

စတုတ္ထမြောက် အတန်းချိန်၌ ရွှီးဇီယွဲ့
အိပ်ငိုက်နေစဉ် အချိန်ပြောင်းခေါင်းလောင်းသံကြောင့်
လန့်သွားပြီး အဲယားကွန်းကလည်း ပိတ်သွားသည့်
အတွက် ပူအိုက်နေသဖြင့် အိပ်မရချေ။
သို့သော်လည်း မနက်ခင်းအတန်း
နောက်ဆုံးစာသင်ချိန်တွင်တော့ သူ
တောင့်မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့၏။

အစကတည်းက ရွှီးဇီယွဲ့ အိပ်မပျော်သွားခဲ့ဘူး
ဆိုသည့် အချက်ကတင် သူ ဇွဲရှိကြောင်း
ထောက်ပြနေလေပြီ– မူလက သူတော့
ကျောင်းမှလွတ်မြောက်ခဲ့ပြီဟု ထင်ထားသော်လည်း
သေပြီးတဲ့နောက် ဂိမ်းဆော့တော့လည်း
ကျောင်းတက်ရဦးမည်ဟု ဘယ်သူက
ထင်ထားမိမှာလဲ....

သူ့ရှေ့မှ စွန်းမော့ မရှိတော့ပေ၊ ပြီးတော့
အတန်းထဲမှာလည်း လူတစ်ယောက်မှမရှိချေ။
ပန်ကာအိုကြီးတစ်လက်သာ တကျွိကျွိနှင့်
လည်နေသည်။

ရွှီးဇီယွဲ့က မျက်နှာကျက်ပန်ကာကြီးကို
မော့ကြည့်လိုက်ပြီး အနည်းငယ်ထူးဆန်းသလို
ခံစားလိုက်ရလေသည်။ အခန်းတစ်ခန်းလုံးက
သစ်လွင်နေပေမဲ့ ပန်ကာက အတော်လေး
အိုဟောင်းပုံ ပေါ်နေသည်။ နောက်ပြီး
ပန်ကာက တစ်ခုတည်း ရှိပြီး စာသင်ခန်း
အလယ်တည့်တည့်မှာဖြစ်သည်။

{Dropped} MG[မြန်မာဘာသာပြန်] Opowieści tętniące życiem. Odkryj je teraz