Arc 1| Chapter 1

1.5K 174 6
                                    

//Unicode//

Arc 1 | ရှန်းယန်အထက်တန်းကျောင်း
(ထူးဆန်းသောကျောင်းတော်)

ရွှီးဇီယွဲ့ မျက်လုံးများ ပွင့်လာသည့်အခါက
ဤ 'အချစ်–တိုက်ခိုက်!' ဟူသည့် ဂိမ်းတွင်
အတော်လေးစုံလင်သည့် ပင်မမျက်နှာပြင်
ပါရှိသည်ကို တွေ့ခဲ့ရသည်။ ဂိမ်း saving နှင့်
fileများ loadingလုပ်ဖို့ platformတစ်ခုနှင့်
ကမ္ဘာအသစ်များကို ရွေးချယ်ရန်အတွက်
နောက်ထပ် platformတစ်ခုလည်း ပါဝင်သည်။

ဂိမ်း saving နှင့် loading အတွက်
ခလုပ်များမှာ မီးခိုးရောင်ဖြစ်နေရုံလေး တစ်ချက်သာ
ပြောစရာရှိသည်–၎င်းတို့ပေါ်  ရွှီးဇီယွဲ့ လက်ဖြင့်
ထောက်ကြည့်သည့်အခါ အလုပ်မဖြစ်ပေ။
ဂိမ်းကထွက်ဖို့ ခလုပ်ကလည်း မီးခိုးရောင်
ဖြစ်နေသည်။ 'ဂိမ်းကိုရွေးချယ်ပါ' ဟူသည့်
ခလုပ်တစ်ခုသာ အလုပ်လုပ်ပုံပေါ်သည်။

ဒါပေါ့ ရွှီးဇီယွဲ့က ဒီဂိမ်းကနေ ထပ်ပြီးထွက်သွားလို့
မရတော့တာမို့ ဒါက မလွှဲမရှောင်သာပဲဖြစ်သည်၊
သူ့စိတ်ဝိဉာဉ်ထဲရှိ systemနှင့် ချိတ်ဆက်
လိုက်သည့်အချိန်မှာ သူ့ခန္ဓာကိုယ်က
သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဒါက ဘာလို့လဲဆိုတော့ ရွှီးဇီယွဲ့သည် 
ကားမတော်တဆမှုတစ်ခုမှာ သေဆုံးခဲ့ပြီ
ဖြစ်တာကြောင့်ပင်– လူနာတင်ကား
ရောက်လာမည် ဆိုလျှင်တောင် သူကတော့
သေဦးမယ့်အမျိုးပေါ့။ ပြီးတော့
အချစ်–တိုက်ခိုက်! ဆိုသည့် systemနှင့်
ချိတ်ဆက်ဖို့ နောက်ဆုံးသဘောတူလိုက်သည်၊
ဒီ system သူ့နား လိုက်ပတ်ရှုပ်နေတာ
နှစ်နှစ်လောက်တော့ရှိပြီ။

အဲ့ဒီနောက်မှာ သူက အချစ်–တိုက်ခိုက်! ဂိမ်း၏
ပင်မမျက်နှာပြင် တစ်ဖြစ်လဲ ဤပုံရိပ်ယောင်
နေရာလပ်ထဲကို ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

system က စည်းမျဉ်းများကို
တာဝန်ကျေပွန်စွာဖြင့် စတင်ရှင်းပြလေသည်။

"ဂိမ်းတစ်ခုစီတိုင်းမှာ ကစားသူအရေအတွက်
အမျိုးမျိုးရှိပါတယ်၊ ဒါပေမဲ့ ရရှိနိုင်တဲ့
ပစ်မှတ်အရေအတွက်က အကန့်အသတ်
ရှိတဲ့အတွက် host ဟာ ရသမျှအခွင့်အရေးတိုင်းကို
အမိအရဖမ်းဆုပ်ပြီး ပစ်မှတ်ကို အမိဖမ်းရမှာပဲ
ဖြစ်ပါတယ်!"

{Dropped} MG[မြန်မာဘာသာပြန်] Where stories live. Discover now