Arc 1| Chapter 3

573 138 6
                                    

*Warning : Death Scene*

//Unicode//

Arc-1| ရှန်းယန်အထက်တန်းကျောင်း
(ထူးဆန်းသောကျောင်းတော်)

နေ့လည်စာစားပြီးနောက်မှာ ကျောင်းသူ
နှစ်ယောက် ပြန်ရောက်မလာသေးဘူးဟူ၍
ဆရာ့စကားကို ရွှီးဇီယွဲ့ကြားလိုက်ရချိန်တွင်
ပထမဆုံးပေါ်လာသည့် အတွေးမှာ သူတို့
ပစ်မှတ်တွေအကြောင်း အတင်းပြောဖို့
တစ်နေရာရာ ထွက်သွားတာဖြစ်လောက်သည်
ဟူ၍ပင်။

ပြီးတော့ သူတို့ပစ်မှတ်တွေက အခြားအတန်းမှ
ကျောင်းသားများ ဖြစ်ရမည်၊ သူတို့က အခု
ကျောင်းသားတွေဖြစ်နေတာကြောင့် break
time မှာ စကားပြောလို့ရအောင် တစ်ခြားသူကို
ခုံနေရာခဏလဲပေးဖို့ တောင်းဆိုရင်
ပိုမလွယ်ပေဘူးလား။

သို့သော် ဆရာ့စကားကိုကြားချိန်တွင်
အတန်းထဲရှိ ကျောင်းသားထက်ဝက်ခန့်မှာ
ချက်ချင်း အကြည့်ရဆိုးသွားလေသည်။

မဟုတ်လောက်ပါဘူး.... ဒီ အချစ်-တိုက်ခိုက်!
ဂိမ်းရဲ့ ခက်ခဲမှုလယ်ဗယ်က ဒီလောက်မြင့်ပြီး
ပြိုင်ဆိုင်မှုတွေ ဒီလောက်ပြင်းထန်တာလား??

ရွှီးဇီယွဲ့မှာ ဤကစားသူတစ်အုပ်၏အတွေးများကို
သူ ပိုလို့တောင် လိုက်မမီနိုင်တော့တာကို
တွေ့ရှိလိုက်ရ၏။

အတန်းပိုင်ဆရာက လူလိုနေသည့်
ကျောင်းသူများမှာ သန့်စင်ခန်းသွားတာ
ဖြစ်လောက်သည်ဟု ယူဆကာ ခဏလောက်
ထပ်စောင့်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ်
နေ့လည် နားချိန်အတွက် ခဏလောက်နောက်ကျတာ
ဘာမှမဖြစ်ပေ။

သို့သော်လည်း ထူးဆန်းသည်က အတန်းဖော်များက
ဆရာ့ထက် ပိုဇောချွေးပြန်နေပုံပေါ်ပြီး
သူတို့လက်များကိုမြှောက်ကာ ပြောသည်။

"ဆရာ! ပေါက်ယွီရှင်းနဲ့ ချန်းရှင်းကို
သွားရှာရအောင်!"

ရွှီးဇီယွဲ့က ဝါးသမ်းကာ ဇက်ချိုးလိုက်သည်။

"စွန်းမော့ စွန်းမော့ ဒီမနက်က သင်္ချာပုစ္ဆာကို
ငါနားမလည်လိုက်ဘူး၊ မင်း ရှင်းပြပေးလို့ရမလား"

စွန်းမော့နဲ့ စကားပြောနိုင်အောင် ရသမျှ
အခွင့်အရေးကို အသုံးချရမယ်၊ အနည်းဆုံး
စွန်းမော့ကို သူနဲ့စကားပြောရတာ နေသားကျအောင်
လုပ်ပေးရမယ်။

{Dropped} MG[မြန်မာဘာသာပြန်] Where stories live. Discover now